ကုလ အထူးကိုယ်စားလှယ်နဲ့ လူမှု အဖွဲ့အစည်းတွေ တွေ့ဆုံ

Image caption အထူး သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မဲ့ ကိစ္စတွေကို ဘာတစ်ခု မှ ဆောင်ရွက်တာမျိုး မရှိတဲ့ အပေါ်မှာလည်း လူမှု အဖွဲ့အစည်းတွေ က ဆွေးနွေး

ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်း က မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူး စုံစမ်စစ်ဆေးရေးမှူး မစ္စ ရန်ဟီးလီ နဲ့ သတင်းမီဒီယာ ကောင်စီ အဖွဲ့ ဝင်တွေ၊ အရပ်ဖက် လူမှု အဖွဲ့အစည်း တချို့ က တာဝန် ရှိသူ တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီ တွေ့ဆုံ ပွဲ အတွင်း မြန်မာ နိုင်ငံက တရား စီရင်ရေး ကိစ္စတွေမှာ အားနည်း နေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကို ကန့်သတ် ထားတဲ့ ဥပဒေ တွေ ဆက်ရှိ နေတာ အပြင် နိုင်ငံရေး အကျဉ်းသား ကိစ္စတွေကို အရပ်ဖက် လူမှု အဖွဲ့အစည်း တွေဘက် က တင်ပြ ဆွေးနွေး ခဲ့ကြ တယ်လို့ သိရပါတယ်။

အစိုးရသစ် အနေနဲ့ လူ့အခွင့်အရေး နဲ့ ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်ပြီးပြီလဲ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ က ဘာတွေ ဆောင်ရွက် ခဲ့ပြီးပြီလဲ ဆိုတာ အထူးကိုယ်စားလှယ် ရရှိ ထားတဲ့ သတင်းတွေနဲ့ တိုက်ဆိုင်ဖို့ အခုလို တွေ့ဆုံတာပါ။

အရေးပေါ် ဥပဒေ ရုပ်သိမ်း ပေးတာ၊ ငြိမ်းစုစီ ဥပဒေ ရုပ်သိမ်း ပေးတာတာ အပြင် ဧည့်စာရင်း စစ်တဲ့ ကိစ္စတွေကို ပယ်ဖျက် ပေးတာ တွေကို ဆောင်ရွက် ပေးခဲ့တဲ့ အစိုးရသစ် ကို အသိအမှတ်ပြု တင်ပြ ခဲ့ကြောင်း ညီမျှခြင်း မြန်မာ အဖွဲ့ က ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

မတရားအသင်း နဲ့ ဆက်သွယ်မှု ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)တို့ လို ပြောင်းသင် တဲ့ ဥပဒေ တွေ ကို အစိုးရသစ် အနေနဲ့ မပြောင်းနိုင် သေးတာ ကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

အထူး သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မဲ့ ကိစ္စတွေကို ဘာတစ်ခု မှ ဆောင်ရွက်တာမျိုး မရှိတဲ့ အပေါ်မှာလည်း လူမှု အဖွဲ့အစည်းတွေ က ဆွေးနွေး ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီး ၂၁ရာစု ပင်လုံ ညီလာခံ ဒုတိယ အကြိမ် ကျင်းပတော့မှာ ဖြစ်ပေမယ့် အရပ်ဖက် လူမှု အဖွဲ့အစည်းတွေရဲ့ ပါဝင်မှု ကို အစိုးရ က ခွင့်ပြုတယ် ပြောပေမယ့် လွတ်လွတ်လပ်လပ် ပြောခွင့် မရတာ တွေကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မို့လို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အယုံအကြည် မရှိတာတွေကို အရပ်ဖက် အဖွဲ့အစည်းတွေက ပါဝင်ခွင့် မရတာတွေကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။

အမျိုးသမီးဆိုင်ရာ အကြမ်းဖက်မှုတွေက ဆက်လက်ရှိနေတုန်းဖြစ်ပြီး တရားစွဲဆိုခွင့် မရှိတာတွေကိုလည်း အရပ်ဖက် လူမှု အဖွဲ့အစည်းတွေက ဆွေးနွေး ခဲ့ကြပါတယ်။

ကချင်ပြည်နယ် နဲ့ ရခိုင် ဒေသမှာ မစ္စ ရန်ဟီးလီ အနေနဲ့ သွားချင်တဲ့ နေရာ အချို့ကို သွားခွင့် မရခဲ့တာတွေကိုလည်း ပြန်လည် ဆွေးနွေး ခဲ့ပါတယ်။

သတင်းအချက်အလက် စုံစမ်းသူ ဖြစ်တဲ့ အတွက် ဒီနေရာတွေကို သွားခွင့်၊ တွေ့ဆုံခွင့် ပေးမှသာလျှင် မှန်ကန်တဲ့ သတင်းအချက်အလက် တွေ ရရှိမှာ ဖြစ်တယ်လို့လည်း ကုလ အထူး ကိုယ်စားလှယ် က ပြောပါတယ်။

ဒီတစ်ခေါက်လာရောက် တဲ့ အချိန်မှာ ကုလ အထူး ကိုယ်စားလှယ် ကို ဆန္ဒပြခဲ့ သူတွေ မရှိတာ ကလည်း အင်မတန်မှ ထူးခြား တယ်လို့ မစ္စ ရန်ဟီးလီ က ပြောပါတယ်။

လာမယ့် မတ်လ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှာ သူ့ရဲ့ တွေ့ ရှိချက်တွေကို မစ္စ ရန်ဟီးလီ က တင်ပြ သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ