စားဝတ်နေရေးကြောင့် မိသားစုလိုက် သေကြောင်းကြံ

ဓာတ်ပုံ မူပိုင် Google
Image caption အငယ်ဆုံး သမီးလေး ကတော့ သေဆုံးသွား ခဲ့ရပါတယ်

မန္တလေးတိုင်း တောင်သာ မြို့နယ် ဆီမီးကန်ရွာ က မိသားစု တစုဟာ တီဘီရော ဂါ ခံစားနေရပြီး မိသားစု စားဝတ်နေရေး လည်း အဆင်မပြေ ဖြစ်တာကြောင့် မိသားစု တခုလုံး သတ်သေဖို့ ကြိုးစားခဲ့ကြ ပါတယ်။

မိဘ နှစ်ပါးက ဓားနဲ့ ခုတ်ပြီး အဆုံးစီရင် ဖို့ ကြိုးစားခဲ့ရာမှာ အသက် ၁ နှစ် အရွယ် သမီးငယ် လေးကတော့ သေဆုံး သွားခဲ့ ပြီး ကျန်တဲ့ မိသားစု ဝင် ၄ ဦး ကတော့ တောင်သာ ဆေးရုံကို တင်လိုက်ရ ပါတယ်။

သူတို့ တတွေဟာ ဆေးယဉ်ပါးတဲ့ တီဘီ ရောဂါ ခံစားနေရတဲ့ အတွက် ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်တာကို ခံခဲ့ကြရပြီး၊ အလုပ် အကိုင်လည်း မရ တာကြောင့် စိတ်ဓာတ် ကျဆင်းပြီး အခုလို ဖြစ်ခဲ့ ရတာလို့ တောင်သာ မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ဘီဘီစီကို ပြောပါတယ်။

မိဘ နှစ်ပါးကတော့ အသက် ၄၀ ဝန်းကျင် ဖြစ်ကြပြီး၊ ကျန် သား ၂ ယောက် ကတော့ အသက် ၇ နှစ်နဲ့ ၉ နှစ် အရွယ် ဖြစ်ကြ ပါတယ်။ ဒီရောဂါကို ဘယ်လိုမှ ကု မရတော့ဘူး ဆိုပြီး သူတို့ကို သူတို့ ခံစား နေခဲ့ ကြတာ လို့လည်း ဦးစိန်ဝင်းက ပြောပါ တယ်။

တောင်သာ ဆေးရုံ အနေနဲ့ က တီဘီ ရောဂါနဲ့ ပတ်သက်ပြီး ကျေးလက် ကျန်းမာရေး ဌာနတွေ ကနေ တဆင့် ဆေးပုံ မှန်သောက် ဖို့ ညွှန်ကြား တာတို့၊ တိုက်ရိုက် ထိန်းချုပ် တာတို့ ရှိတဲ့ ကြားကပဲ အခုလို ဖြစ်ခဲ့ရတာလို့ သူက ပြောပါတယ်။

လူနဲ့ဝေးတဲ့ နေရာမှာ အခုလို သတ်သေကြဖို့ လုပ်ခဲ့တာကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကလည်း အကူအညီ မပေးနိုင်ခဲ့ သလို အန်ဂျီအို တွေကလည်း ကူညီဖို့ အခွင့် မသာခဲ့ ဘူးလို့ သူက ဆိုပါတယ်။

သူတို့ရဲ့ ဆွေမျိုးသား ချင်းတွေ ကလည်း ကူးစက် ရောဂါ ဖြစ်တယ် ဆိုလို့ အနား မကပ် ရဲကြပဲ ခပ်တန်းတန်း သာ နေခဲ့ ကြတာ လို့ ဆိုပါတယ်။

မိဘ နှစ်ပါးကို ရဲက လူသတ်မှု၊ လူသေမှု နဲ့ အမှု ဖွင့်ထား ပေမယ့် ဆေးရုံမှာ ပဲ ထားရှိကာ ရဲအစောင့် ထားထား တယ်လို့ သိရ ပါတယ်။

အခု ကျန်ခဲ့တဲ့ မိသားစု ၄ ယောက်ကို ကူညီ စောင့်ရှောက် ဖို့ အတွက်လည်း ရဲစခန်းမှူးကြီး ကနေ မြို့မှာ ရှိတဲ့ အန်ဂျီအို တွေကို ဖိတ်ကြားပြီး ဆွေးနွေးခဲ့တယ်လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ