မွန်ပြည်သစ်နဲ့ ကေအင်ယူ ခရိုင်အဆင့် မကြာခင် တွေ့မယ်

နှစ်ဖွဲ့အကြား နယ်မြေ ပိုင်စိုးရေး ပြဿနာ မျိုး ရှိနေ
တနင်္သာရီတိုင်း၊ ထားဝယ် ခရိုင်ထဲမှာ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ကြား တိုက်ခိုက်မှု တွေ ဖြစ်ပေါ် ခဲ့တဲ့ အတွက် နှစ်ဘက် ခရိုင်အဆင့် တွေ့ဆုံ ဆွေးနွေး တာတွေ အခု ရက်ပိုင်း ထဲမှာပဲ ပြုလုပ် သွားဖို့ ရှိတယ်လို့ KNU ဘက်က ဘီဘီစီကို ပြောပါတယ်။
ရေဖြူ မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၄ လ အတွင်း တိုက်ပွဲ တွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး၊ KNU တပ်မဟာ ၄ လက်အောက်ခံ တပ်တွေက သူတို့ရဲ့ တပ်စခန်းတွေကို ဝင်ရောက် ပစ်ခတ် ခဲ့တယ်လို့ မွန်ပြည်သစ် ပါတီက ထုတ်ပြန် ထားပါတယ်။
နယ်နမိတ် ခြင်းထိ စပ်နေတဲ့ မဟာမိတ် လက်နက်ကိုင် နှစ်ဖွဲ့အကြား နယ်မြေ ပိုင်စိုးရေး ပြဿနာ မျိုး ရှိနေတာ ဖြစ်တယ် တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖဒို သောသီဘွဲက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ လ ထဲကပဲ နှစ်ဘက် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံပြီး လက်နက်ကိုင် ပဋိပက္ခတွေ အဖွဲ့ နှစ်ခုကြား မပေါ်ပေါက်အောင် ဆွေးနွေး ခဲ့ကြပြီး၊ ဒုတိယ အကြိမ် ပြန်လည် မတွေ့ဆုံ ရသေးခင် တိုက်ပွဲတွေ ဖြစ်လာ ခဲ့တာလို့ ဖဒို သောသီဘွဲက ဆိုပါတယ်။
ဒါ့ကြောင့် တိုက်ပွဲတွေကို ရှောင်လွှဲနိုင်အောင် မကြာခင် ဒေသဆိုင်ရာ အဆင့် တွေ့ဆုံပွဲ တွေ ပြုလုပ်မယ့် အလားအလာ မျိုးတွေ ရှိနေတယ်လို့ ခဲ့တာလို့ ဖဒို သောသီဘွဲက ပြောပါတယ်။