အန်အဲလ်ဒီအစိုးရကို ပါတီ ၁၅ ခု အကြံပြု

ဓာတ်ပုံ မူပိုင် usdp facebook
Image caption အစိုးရ ဝန်ကြီးဟောင်းတွေ၊ နိုင်ငံရေး ပါတီ အချို့က ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေး ခဲ့ကြ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ အစိုးရ သစ် အနေနဲ့ လက်ရှိ တိုင်းပြည်ရဲ့ လုံခြုံရေး နဲ့ တရား ဥပဒေ စိုးမိုးရေး ကို အရေး တယူ ဆောင်ရွက်ဖို့ လိုတယ် ဆိုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၁၅ ခုကနေ ကြေညာ ချက်ထုတ်ပြန် လိုက် ပါတယ်။

နိုင်ငံတော် လုံခြုံရေးနဲ့ တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီ ကနေ ဦးဆောင် ပြုလုပ်ခဲ့ ပြီး နောက် အခုလို ကြေညာချက် ထုတ်ပြန် လိုက်တာလည်း ဖြစ်ပါတယ်။

အစိုးရ ဝန်ကြီးဟောင်းတွေ၊ နိုင်ငံရေး ပါတီ အချို့က ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေး ခဲ့ကြပါတယ်။

အန်အဲလ်ဒီ အစိုးရသစ် တက်လာပြီး တနှစ် နီးပါး ရှိတဲ့ အချိန်မှာ၊ အနောက် တံခါးမှာ လူမျိုးရေး အကျပ်အတည်း၊ စီးပွားရေး နဲ့ ငြိမ်းချမ်းရေး အကျပ် အတည်းတွေ တပြိုင်နက် ထဲ ဖြစ်နေတာ ကြောင့် အခုလို ထောက်ပြ အကြံပြုတာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုး ပြောခွင့်ရ ဦးနန္ဒ လှမြင့် က ပြောပါတယ်။

ပြည်ခိုင်ဖြိုး အစိုးရ လက်ထက်တုန်း ကလည်း ဒီပြဿနာ အကျပ် အတည်းတွေကို အစွမ်းကုန် ကြိုးစား လုပ်ဆောင် ပေးခဲ့တယ်၊ ဒီအချိန်မှာ လက်ရှိ အာဏာ ရှိတဲ့ အစိုးရက နိုင်ငံကို ဦးဆောင်တာ ဖြစ်လို့ ပြည်ခိုင်ဖြိုး အပါအဝင် ပညာရှင်တွေက ဝိုင်း၀န်း အကြံပြုတာ ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

တိုက်ပွဲ ဖြစ်နေ တာတွေ လူသတ်မှု မဒိမ်းမှု လူယက်မှု တွေ ဟာ အရင်ထက် ပိုများ လာတဲ့ အတွက် နိုင်ငံတော် အမျိုးသား လုံခြုံရေးနဲ့ လူမှုဘ၀ လုံခြုံရေး အတွက် အရေး တကြီး လိုအပ် လာတယ်လို့ ပြောပါတယ်။

ဒီလို ပြောနေတာ ဟာ ပြည်သူကို စည်းရုံးရေး ဆင်းနေတာ လုံးဝ မဟုတ်ဘဲ၊ အန်အဲလ်ဒီ အစိုးရသစ်ကို တိုက်ခိုက်တာ မဟုတ် သလို၊ ကူညီဖို့ပဲ သက်သက်ပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ