လိုင်စင်မဲ့ ကားတွေ အရေးယူဖို့ ရန်ကုန်တိုင်း အစိုးရ ထုတ်ပြန်

မြန်မာ
ဓာတ်ပုံ ပုံစာ,

ပြည်သူ ရဲ့ သတင်းပေး ပို့မှု နဲ့ အရေးယူမှုတွေ လုပ်ဆောင်ရမှာ ဖြစ်

၂၀၁၆ ခုနှစ်တုန်း က ရန်ကုန်တိုင်း အတွင်းမှာ လိုင်စင်မဲ့ Without ကားတွေ ရာနဲ့ချီ ဖမ်းဆီး ရမိခဲ့ပြီး ပြီးခဲ့တဲ့ နှစ် ကထက် စာရင် နှစ်ဆ ကျော် ဖမ်းဆီး ရမိ ခဲ့တာလို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးကြီး အောင်ကိုဦး က ပြောပါတယ်။

ရန်ကုန်တိုင်း ထဲမှာ ယာဉ်ကျော ပိတ်ဆို့မှုတွေ၊ တရားဥပဒေ စိုးမိုးရေး နဲ့ အခွန် ဘဏ္ဍာ ရရှိမှု လုပ်ငန်း တွေကို ထိခိုက် လာနေတဲ့ အတွက် လိုင်စင်မဲ့ ကား အသုံးပြု သူတွေကို ဥပဒေနဲ့ အညီ အရေးယူသွားမယ်လို့ တိုင်း အစိုးရက ကြေငြာ ထားပါတယ်။

နံပါတ် အတုတွေ တပ်ဆင်ပြီး မောင်းနှင် တာတွေ၊ မှတ်ပုံတင် လုံးဝ မရှိတဲ့ နံပါတ် တွေကို တပ်ဆင်ပြီး မောင်းနှင်တာတွေ ရှိနေပြီး ညပိုင်းမှာ မောင်းနှင် စီးနင်းမှုတွေ ရှိနေပါတယ်။

ကားတိုက်ပြီး မောင်းနှင် ထွက်ပြေးသွားတာတွေကို စုံစမ်း ဖော်ထုတ် ရာမှာ လိုင်စင်မဲ့ ကားတွေ၊ နံပါတ်မရှိ၊ မှတ်ပုံတင်ထား တာ မရှိတဲ့ ကားတွေ အင်မတန် မှ များတဲ့ အတွက် အမှုတွေကို ဖော်ထုတ်ရာမှာ အခက်အခဲ တွေလည်း ရှိပါတယ်။

လိုင်စင်မဲ့ ကားတွေ ကို ထိထိရောက်ရောက် အရေးယူဖို့ အတွက် ပြည်သူ လူထု ရဲ့ ပူးပေါင်း ပါဝင်မှုလည်း လိုအပ်တယ်လို့ ရဲမှူးကြီး အောင်ကိုဦး က ပြောပါတယ်။

ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှာ မှတ်ပုံတင်ထားခြင်း ရှိမရှိ ဆိုတာ ကို မေးမြန်း အတည်ပြုပြီးမှ လိုက်စင်မဲ့ ကား ဟုတ်မဟုတ် ဆိုတာကို အရေးယူ နိုင်တာ ဖြစ်ပါတယ်။

နယ်စပ်တွေ ကနေလည်း လိုင်စင်မဲ့ ကားတွေ ဝင်လာတာ ရှိပြီး အချို့နေရာတွေ မှာ ဆိုရင် စက်လှေ တွေနဲ့ တင်ဆောင် လာတာ စတဲ့ လမ်းကြောင်း အများအပြား ရှိပါတယ်။

လိုင်စင်မဲ့ ကားဝင်ရောက်မှု လမ်းကြောင်း ကို ပိတ်ပင်ဖို့၊ ပြည်သူ ရဲ့ သတင်းပေး ပို့မှု နဲ့ အရေးယူမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လိုင်စင်မဲ့ ကား ဟုတ် မဟုတ် ဆိုတာ ချက်ချင်း သိနိုင်ဖို့ အတွက် ယာဉ်ထိန်း တပ်ဖွဲ့ မှာ ယာဉ် အချက်အလက် တွေကို သိုလောင်ထားတဲ့ စနစ် မျိုး ရှိဖို့လည်း လိုအပ် နေကြောင်း ရဲမှူးကြီး က ပြောကြား ပါတယ်။