ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရ

ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရ
ဓာတ်ပုံ ပုံစာ,

ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေ အကြံပေး ရှေ့နီ ဦးကိုနီဟာ အင်ဒိုနီးရှား ခရီးစဉ် ကနေ ပြန်အရောက် မင်္ဂလာဒုံ လေဆိပ် ထွက်ပေါက် မှာ လုပ်ကြံ ပစ်ခတ် ခံလိုက်ရပြီး၊ ပွဲချင်းပြီး သေဆုံး သွားပါတယ်။

ဦးကိုနီ ကို သေနတ်နဲ့ အနီးကပ် တေ့ပစ်ခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဘီဘီစီကို အတည်ပြု ပါတယ်။

ဒါ့အပြင် သေနတ်သမားကို လက်ရ ဖမ်းဆီး ထားနိုင်တယ်လို့ ဆိုပါတယ်။

ဦးကိုနီရဲ့ ရုပ်အလောင်းကို မင်္ဂလာဒုံ လေဆိပ် ရှေ့ ပလက်ဖောင်းပေါ် မျက်မြင် တွေ့ခဲ့ရသူ တစ်ယောက်ကလည်း သူ့ တွေ့မြင် ခဲ့ရတာတွေကို ဘီဘီစီကို ပြောပါတယ်။

သေနတ်သမားဟာ ဦးကိုနီကို ပစ်ခတ်ပြီး ထွက် အပြေးမှာ ဟန့်တားဖို့ ကြိုးစား ခဲ့သူ တစ်ယောက်လည်း ၊ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘီဘီစီက တွေ့ရှိ ထားတဲ့ ရဲ မှတ်တမ်း အရလည်း မင်္ဂလာဒုံ လေဆိပ်မှာ ညနေ ၅ နာရီ ဝန်းကျင် မှာ၊ ၉ မမ ပစ္စတို အသုံးပြု ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဖော်ပြ ထားသလို၊ သေနတ်သမားကို လက်နက် ခဲယမ်း တွေနဲ့ အတူ လက်ရ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေး မေးမြန်း နေတယ်လို့ ဆိုပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင် ပြီး အင်ဒိုနီးရှား နိုင်ငံကို သွားရောက် ခဲ့တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့မှာ ဦးကိုနီ လိုက် ပါ ခဲ့တာ ဖြစ်ပါတယ်။