တပ်မတော် အပေါ် ဒေါ်စု သြဇာရှိလား

၂၁ ပင်လုံ ဆိုတဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ လာရောက် ဆွေးနွေး အဖြေရှာ ဖို့ ဒေါ်အောင်ဆန်းစုကြည် အလေး အနက် ထပ်မံ တိုက်တွန်း လိုက် ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၁ ပင်လုံ ဆိုတဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ လာရောက် ဆွေးနွေး အဖြေရှာ ဖို့ ဒေါ်အောင်ဆန်းစုကြည် အလေး အနက် ထပ်မံ တိုက်တွန်း လိုက် ပါတယ်

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ပေမယ့် တပ်မတော် အပေါ်မှာ ပြောဆို ရှေ့ဆောင် တာ ဘာမှ မရှိ ဘူးလို့ NMSP မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ငံသာ က ပြောကြား လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ဟာ တောင်နဲ့ မြောက် တဘက်ဆီ သွားသလို ဖြစ်နေတယ် လို့လည်း နိုင်ဟံသာ က ပြော ပါတယ်။

ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေ အားလုံး ၂၁ ပင်လုံ ညီလာခံမှာ လာရောက် ဆွေးနွေး အဖြေရှာ ဖို့ တိုက်တွန်း လိုက်တဲ့ အပေါ် နိုင်ဟံသာက တုံ့ပြန် ပြောကြား ခဲ့တာပါ။

အားလုံး ပါဝင်ဖို့ ပြောတဲ့ အတွက် ကောင်းတဲ့ အလား အလာ ဖြစ်ကြောင်း၊ ဒါပေမယ့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA မှာ လက်မှတ် မထိုးရ သေးတဲ့ အဖွဲ့တွေ အတွက် ဘယ်လို အဆင့်နဲ့ ဖိတ်ခေါ်မလဲ ဆိုတာ မရှင်းလင်း သေးဘူးလို့ လည်း သူက ပြောပါတယ်။

၂၁ ရာစု ပင်လုံမှာ နားထောင်ဖို့ သက်သက် ဆိုရင်တော့ တက်ရောက်ဖို့ ဆန္ဒ မရှိ ကြောင်းနဲ့ အဆင့်တူ ဆွေးနွေးခွင့်၊ ဆုံးဖြတ် ချက် ချခွင့် ရှိရင် တက်မယ်လို့ ဆိုပါတယ်။

NCA ကို တနှစ်ခွဲ ကျော်ကြာ ဆွေးနွေး အကောင် အထည် ဖေါ်တုန်းက တိုင်းရင်းသား ၁၆ ဖွဲ့ ပါဝင်ကာ၊ လက်မှတ် ထိုးတော့ မှ အဖွဲ့ အကုန် မပါရဘူး ဆိုပြီး ကန့်သတ် ချက်တွေ ပေါ်လာ တာရယ်၊ တချို့ အဖွဲ့တွေကို ဖိတိုက် နေတာ တွေဟာ မရိုးသားတဲ့ စေတနာ လို့ မြင်ကြောင်း နိုင်ဟံသာ က ပြောကြား သွားပါတယ်။