အောင်ဝင်းခိုင် ဘယ်သူလဲ။

ဦးကိုနီကို လုပ်ကြံဖို့ ငွေပေး ခိုင်းစေခဲ့သူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ထွက်ပြေးလွတ်မြောက်နေဆဲ
NLD ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီကို လုပ်ကြံဖို့ ငွေပေး ခိုင်းစေသူလို့ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့သူ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ ၁၉၉၁ ခုနှစ် ကနေ ၁၉၉၅ ခုနှစ် အထိ စစ်တက္ကသိုလ် တက်ခဲ့ပြီး DSA အပတ်စဉ် ၃၆ သင်တန်းဆင်း ဖြစ်ပါတယ်။
သူဟာ ခလရ ၃၂ ရဲ့ တပ်ရင်းမှူး တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး အမှတ် ၁၄ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းမှာ နည်းပြမှူး အဖြစ် နောက်ဆုံး တာဝန် ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ အရိုးကျီးပေါင်းတက်တဲ့ ရောဂါကြောင့် တပ်မတော်ကနေ အငြိမ်းစား ယူသွားတာလို့ သူနဲ့ စစ်တက္ကသိုလ် အပတ်စဉ်တခုတည်း တက်ရောက်ခဲ့သူ တဦးလည်းဖြစ်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်ရေး အရာရှိဟောင်း၊ လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးလင်းဇော်ထွန်းက ဘီဘီစီကို ပြောပါတယ်။
သူတို့ DSA သင်တန်း တပတ်တည်းဆင်းခဲ့သူတွေက ဦးအောင်ဝင်းခိုင်ဟာ ဒီလို လူသတ်မှုမျိုးကို လုပ်ဆောင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူးလို့လည်း ဆိုပါတယ်။
ဦးအောင်ဝင်းခိုင်ဟာ လူသတ်သမား ဦးကြည်လင်းနဲ့ အတူ ဖမ်းဆီးထားတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ညီ ဖြစ်ပြီး အခုထိ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
သမ္မတရုံးက ထုတ်ပြန်ထားတဲ့ သတင်းအရ ဦးအောင်ဝင်းခိုင်ဟာ ပန်းတောင်းမြို့ ဇာတိဖြစ်တယ်လို့ ဆိုပါတယ်။
အခုအခါမှာ အသက် ၄၅ နှစ်ရှိပြီ ဖြစ်ပြီး ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် မဏ္ဍိုင်လမ်းမှာ နေထိုင်သူလို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီနေရာကို ရွှေ့ပြောင်း လာတာ ၁ နှစ်ကျော်ကျော်ပဲ ရှိသေးတယ်လို့ အဲဒီ ရပ်ကွက်သားတွေက ပြောကြပါတယ်။

ရှေ့နေဦးကိုနီ သတ်သူကို သမ္မတရုံးထုတ်ပြန်
ဦးကိုနီကို ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးအောင်ဝင်းခိုင် ဆိုသူက ငွေကျပ် သိန်း ၁၀၀၀ ပေးပြီး သတ်ခိုင်း ခဲ့တာလို့ သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြ