အခမဲ့ကြည့်နိုင်တဲ့ ရုပ်သံလိုင်းထုတ်လွှင့်ခွင့် ပုဂ္ဂလိက ရုပ်သံ၅ခုရ

digital, mrtv,mizzima

ဓာတ်ပုံ ရင်းမြစ်, Mizzima

ဓာတ်ပုံ ပုံစာ,

အခမဲ့ ကြည့်နိုင်တဲ့ ရုပ်သံလိုင်း ထုတ်လွှင့်ခွင့် ရတဲ့အထဲမှာ မဇ္စျိမ ပါ။

မြန်မာနိုင်ငံမှာ အခမဲ့ ကြည့်နိုင်တဲ့ ဒစ်ဂျစ်တယ်လ် ရုပ်သံလိုင်း လုပ်ကိုင် ထုတ်လွှင့်ခွင့်ကို ပုဂ္ဂလိက ရုပ်သံဌာန ၅ခုက ရသွားပါတယ်။

အဲဒီဌာနတွေကတော့ မဇ္စျိမ၊ ကောင်းမြန်မာအောင်၊ Fortune International၊ Young Investment Group နဲ့ DVB multimedia Group တို့ ဖြစ်ပါတယ်။

ဒါဟာ ရုပ်သံလွှင့်ဖို့ လိုင်စင် ချပေးလိုက်တာ မဟုတ်ပဲ MRTV ရဲ့ အခြေခံ အဆောက်အအုံကို သုံးပြီး အခကြေး မပေးရပဲ ကြည့်နိုင်အောင် ဒီကုမ္ပဏီ ၅ခုကို Content Providers တွေအနေနဲ့ လုပ်ပိုင်ခွင့် ပေးလိုက်တဲ့ သဘော ဖြစ်တယ်လို့ မဇ္စျိမ မီဒီယာ အဖွဲ့ရဲ့ ဦးဆောင် ညွှန်ကြားရေးမှုးချုပ် ဦးစိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်ကြားရေး ဝန်ကြီးဌာန၊ MRTV ရဲ့ အောက်မှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို ရုပ်သံလုပ်ငန်း လုပ်ပိုင်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။