နေတိုးစစ်စရိတ်တိုးဖို့ ထရမ့်တိုက်တွန်း

နေတိုးဌာနချုပ်ဖွင့်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

နေတိုးဌာနချုပ်ဖွင့်ပွဲ

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်မှာ ဘရပ်ဆဲမြို့က နေတိုး မြောက် အတ္တလန္တိတ် စာချုပ်အဖွဲ့ရဲ့ ဌာနချုပ်အသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေး အသုံးစရိတ်အတွက် ထည့်ဝင်ရမယ့်ငွေကို သတ်မှတ်ထားတဲ့ အတိုင်း ထည့်ဝင်ကြဖို့ တိုက်တွန်းသွားပါတယ်။

နေတိုး အဖွဲ့ဝင် နိုင်ငံတွေထဲက အမေရိကန် ယူကေ ဂရိ ပိုလန်နဲ့ အက်စ်တိုးနီးယား ၅နိုင်ငံကသာ တိုင်းပြည်ရဲ့ ဂျီဒီပီ တမျိုးသားလုံး ထုတ်လုပ်မှု တန်ဖိုးရဲ့ ၂ရာနှုန်းသုံးစွဲ ခဲ့ပါတယ်။ အဲဒီလို သတ်မှတ်အသုံးစရိတ် ထည့်ဝင်ဖို့ လာမယ့် ၂၀၂၄ မှာ မဟာမိတ်အဖွဲ့ဝင်၂၈ နိုင်ငံလုံး ပြည့်မီမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် နေတိုးအကြီးအကဲ Jen Stoltenbergက အခုနှစ် ကစပြီးအဖွဲ့ဝင်နိုင်ငံတိုင်းက နှစ်ပတ်လည် အမျိုးသားရေး စီမံချက်ကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်တဲ့အနေနဲ့ တင်ပြမယ်လို့ ကြေညာပါတယ်။

နေတိုး အဖွဲ့အနေနဲ့အိုင်အက်စ် အစ္စလမ်မစ်နိုင်ငံ အဖွဲ့ကိုဆန့်ကျင် တိုက်ခိုက်ရာမှာ ပိုကြီးမားတဲ့ အပိုင်းကပါဝင်ဖို့သဘောတူခဲ့ပါတယ်။ အိုင်အက်စ် ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့မှာ နေတိုး ပါမယ်ဆိုရင် အာဖဂန်မှာ ကြုံတွေ့နေရသလို အီရတ်နဲ့ လစ်ဗျားနိုင်ငံတို့မှာ စစ်ပြီးပဋိပက္ခတွေမှာပါ နေတိုးပါ၀င်ပါတ်သက်နေရမှာကို စိုးရိမ်မှုတွေရှိနေတယ်လို့ ဘီဘီစီ သတင်းထောက် ဂျော်နသန် မားကက်စ်က သုံးသပ်သွားပါတယ်။