မတရားအသင်းဥပဒေကို ပြင်ဖို့သင့်မသင့်

မတရားသင်းအက်ဥပဒေဟာ တရားမျှတမှုရှိမရှိ
မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) ကိုပြင်သင့်မပြင်သင့် ဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ဆွေးနွေးနေတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိန်က ဘီဘီစီကို ပြောပါတယ်။
ပြင်ဆင်ဖို့ ဆွေးနွေးနေပေမယ့် သူ့အခေါ် သောင်းကျန်းသူအဖွဲ့တွေရှိနေသေးသမျှ ဖျက်သိမ်းဖို့တော့ မသင့်သေးဘူးလို့လည်း ဦးကျော်စိန်က ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့လည်း လက်နက်ကိုင်တွေကို တနည်းနည်းနဲ့ကူညီခြင်းဆိုတာ ကိုတော့ အဓိပ္ပာယ် သေချာဖွင့်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဥပမာ အသက်အန္တရယ် ခြိမ်းခြောက်လို့ ဆပ်ကြေးပေးရတာမျိုးလိုကိစ္စတွေနဲ့ အဲဒီနယ်တွေထဲမှာ အလုပ်သွားလုပ်လို့ အခွန်ပေးရတဲ့ ကိစ္စမျိုးတွေကို တရားရုံးတွေက ၁၇ (၁) နဲ့ စီရင်နေတာတွေကိုတော့ ပြင်သင့်တဲ့ သဘောမျိုး ဆွေးနွေးနေကြပြီး အိန္ဒိယမှာတောင် ဒီလို ဥပဒေ ဖျက်သိမ်းပြီးဖြစ်တဲ့အတွက် ကိုလိုနီခေတ်က စခဲ့တဲ့ ဒီဥပဒေကို အနိမ့်ဆုံး ပြင်ဆင်မှုတွေတော့ လုပ်သင့်တယ်ဆိုပြီး ဥပဒေပညာရှင် ဦးကျော်စိန်က ပြောပါတယ်။
ပြင်ရေးမပြင်ရေးကိုလည်း ဆုံးဖြတ်ချက်မချရသေးဘဲ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ကော်မရှင်က ပြင်ဆင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရင်တော့ သက်ဆိုင်ရာကို အကြံပြုချက်တွေ ပေးပို့သွားမယ်လို့ ဆိုပါတယ်။
မကြာခင်က သတင်းသမားတချို့ဟာ လက်နက်ကိုင် သူပုန်အဖွဲ့နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး အခုချိန်ထိဖမ်းဆီးတရားစွဲဆိုထားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများအပြားဖြစ်ပေါ်နေတာကြောင့် အခုလို ဆွေးနွေးလာတာလို့ ဆိုပါတယ်။
ဘယ်လိုဆက်သွယ်မှုမျိုးက ဥပဒေနဲ့ငြိစွန်းတယ်ဆိုတဲ့အချက်ကို အဓိကထားပြီး ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။
မုံးကိုး ဓမ္မဆရာ ၂ ယောက်ကို မတရားအသင်း ဆက်သွယ်မှုနဲ့ တပ်က အမှုဖွင့်
တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းကနေ မူဆယ်ရဲစခန်းကို လွဲပြောင်းပေး