အမေရိကန် သံတမန် ၇၀ဝ ကျော်ကို ရုရှားကနေ ပြန်လည်နှင်ထုတ်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption မော်စကိုမှာ ရှိတဲ့ အမေရိကန်သံရုံးကို တွေ့ရစဉ်

အမေရိကန် သံတမန် ၇၀ဝ ကျော်ကို ရုရှားကနေပြန်လည်နှင်ထုတ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။ ဒီအစီအစဉ်ကြောင့် သံတမန် ၇၅၅ ဦးဟာ နှင်ထုတ်ခံရဖွယ် ရှိနေပါတယ်။

ဒါ့အပြင် အမေရိကန်ကို နောက်ထပ် အရေးယူမှုတွေ ပြုလုပ်ဖို့ စဉ်းစားမယ်လို့လည်း သမ္မတ ပူတင်က ပြောပါတယ်။

သူ့အနေနဲ့ အမေရိကန် ရုရှား ဆက်ဆံရေး ကောင်းမွန်လာဖို့ မျှော်လင့်ခဲ့ပေမဲ့ အခုတော့ ဖြစ်နိုင်မယ် မထင်တော့ဘူးလို့လည်း သမ္မတပူတင်က ပြောပါတယ်။

ရုရှားအပေါ် အရေးယူမှု အသစ်တရပ်ကို အိမ်ဖြူတော်က ကန့်ကွက်နေတဲ့အကြားကပဲ ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန် ကွန်ကရက်မှာ အတည်ပြုခဲ့ပါတယ်။

ရုရှားသံတမန် ၃၅ ဦးကိုလည်း အမေရိကန်က နှင်ထုတ်ခဲ့ဖူးပါတယ်။ ဒါတွေကို လက်စားချေတဲ့အနေနဲ့ အမေရိကန် သံတမန်အရေအတွက်ကိုလည်း အမေရိကန်မှာ ရှိတဲ့ ရုရှားသံတမန်အရေအတွက်အတိုင်းထားဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခြေလှမ်းတွေ ပြင်ဆင်လာတာဖြစ်ပါတယ်။