ARSA စစ်သွေးကြွတွေက ခရေမြိုင်ကင်းစခန်းကို တိုက်ခိုက်

ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင်ပဋိပက္ခကနေ ထွက်ပြေးတိမ်းရှောင်သူ ရခိုင်တိုင်းရင်းသားတချို့

ARSA အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်က မောင်တောတောင်ပိုင်းခရေမြိုင် ကင်းစခန်းကို မနေ့က ဩဂုတ် ၂၇ ရက် ညဦးပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ ညနေ ၆ နာရီလောက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ည ၉ နာရီလောက်မှာ တိုက်ပွဲရပ်တန့်သွားခဲ့ပါတယ်။

မောင်တောမြို့ရပ်ကွက် ၃ မှာလည်း လက်နက်ကိုင် စစ်သွေးကြွတွေ ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၆၂ နှစ်အရွယ် ဆယ်အိမ်မှူးတယောက် သေဆုံးခဲ့တယ် ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းက ရခိုင်တိုင်းရင်းသားတွေ အတွက် ဖွင့်လှစ်ထားတဲ့ ဘက ဘုန်းတော်ကြီးစာသင်ကျောင်းကိုလည်း ကျောင်းသားတွေက မနေ့ကစွန့်ခွာခဲ့ပြီးနောက် ဒီနေ့တော့ မီးရှို့ခံခဲ့ရတယ်လို့ ဘကကျောင်းဆရာတော် ဦးစရဏက ဘီဘီစီကို ပြောပါတယ်။