ဒုံးလက်နက် တစင်း မြောက်ကိုရီးယား ပစ်လွှတ်ပြန်ပြီ

ဓာတ်ပုံ မူပိုင် KCNA
Image caption မြောက်ကိုရီးယားက ဒုံးလက်နက် တစင်း ပစ်လွှတ်ပြန်ပြီ

မြောက်ကိုရီးယား ဟာ မြို့တော် ပြုံယမ်းနားကနေ တိုက်ချင်းပစ် ဒုံးလက်နက် တစင်း ဂျပန်ဖက်ကို ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

အမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေးကို တောင်ကိုရီးယား က ချက်ချင်း ခေါ်ယူခဲ့ပါတယ်။

ဒုံးလက်နက် တစင်း ဟော်ကိုင်းဒိုး ကျွန်းပေါ်ကနေ ဖြတ်သန်းပြီး ပင်လယ်ထဲ ကျသွားခဲ့တယ်လို့ ဂျပန် အစိုးရ အဖွဲ့ အတွင်း၀န်က ပြောပါတယ်။

လက်ရှိတော့ တောင်ကိုရီးယားနဲ့ အမေရိကန် တို့က ဒီဒုံးလက်နက် ပစ်လွှတ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ လေ့လာ သုံးသပ်နေကြပါတယ်။

စက်တင်ဘာ သုံးရက်နေ့က အင်အားပြင်း နျူကလီးယား စမ်းသပ်မှု တခု ဖြစ်တဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားဖက်က ပြောကြားခဲ့ပြီးနောက် အဲဒီလို စမ်းသပ်မှု အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက နောက်ထပ် အရေးယူ ပိတ်ဆို့မှုတွေ ပြီးခဲ့တဲ့ လေးရက်က ချမှတ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ