ကုလလူ့အခွင့်အရေး စုံစမ်းခွင့်တောင်း

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီး နာရီပိုင်းမှာပဲ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကနေ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း က အခြေအနေတွေကို လာကြည့်ခွင့် ပေးဖို့ မြန်မာအစိုးရကို ထပ်မံ မေတ္တာ ရပ်ခံ လိုက်ပါတယ်။
ဒီတောင်းဆိုချက်ဟာ ကူညီရာ မကျကြောင်း မြန်မာဘက်က ပြောဆိုပါတယ်။
ရခိုင်က ရိုဟင်ဂျာတွေအပေါ် ဆက်ဆံ ပြုမူပုံတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကောင်စီက စုံစမ်း စစ်ဆေးဖို့ မတ်လ ကတည်းက စတင်ခဲ့ပါတယ်။
ဒီအဖွဲ့ကို ပြည်တွင်းဝင်ခွင့်ပြုဖို့ မြန်မာအစိုးရက ငြင်းဆန်ခဲ့ပါတယ်။
ဒါကြောင့် သူတို့ကို ကိုယ်တိုင် အခြေအနေတွေ လာကြည့်ခွင့် ပေးဖို့ လူ့အခွင့်အရေး ကောင်စီက ထပ်မံ ပန်ကြား ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာပြည်က ရိုဟင်ဂျာ ၄ သိန်း ဘာကြောင့် ထွက်ပြေးတယ် ဆိုတာ မသိကြောင်း ပြောပါတယ်။
သူက ဒီလို ပြောပေမယ့် မြန်မာ့ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေ အတွင်း ရိုဟင်ဂျာတွေ ထွက်ပြေးတဲ့ သက်သေတွေလည်း ရှိနေပါတယ်။
ဒီလို ထွက်ပြေးတဲ့ ကိစ္စတွေ ဖြစ်နေတာ ၃ ပတ် ကြာမှ ဒေါ်အောင်ဆန်းစုကြည်က ခုလို မိန့်ခွန်းပြောခဲ့တာပါ။
တိုင်းပြည်မှာ တကယ် ဖြစ်နေတာတွေကို မြန်မာ ခေါင်းဆောင်က ငြင်းဆန်နေတယ် လို့လည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ရေး မိန့်ခွန်းပြော
နိုင်ငံတကာဘက်က လေ့လာဆန်းစစ်မှုတွေကို ကြောက်ရွံ့မှာ မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော