ကုလသမဂ္ဂ ရခိုင်သွားပြီး ကြေညာချက်ထုတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် ရောက်လာနေဆဲ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အရာရှိတွေ တနင်္လာနေ့က ရခိုင်မြောက်ပိုင်းကို သွားပြီးနောက် ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။

အဲဒီကြေညာချက်မှာ ရခိုင်မြောက်ပိုင်းက လူတွေရဲ့ ဒုက္ခဆင်းရဲဟာ မမှန်းဆနိုင်အောင် ဖြစ်နေတယ်လို့ ပါပါတယ်။

တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီး ဥပဒေ စိုးမိုးရေး ရှိဖို့၊ လူသားချင်း စာနာတဲ့ အကူအညီတွေကို အချုပ်အချယ်မရှိ ဝင်ခွင့်ပြုဖို့ နဲ့ ဒုက္ခသည်တွေ နေရပ်ရင်းကို ဘေးကင်းစွာ ပြန်နိုင်ဖို့ ကိုလည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

သတင်းမီဒီယာတွေ ဝင်ခွင့်ပေးဖို့ တောင်းဆိုသလို ရခိုင်မှာ နေကြသူအားလုံး ငြိမ်းချမ်းသာယာရေးအတွက် မြန်မာ အစိုးရအပါအဝင် အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမယ် လို့ပါရှိပါတယ်။

နောက် ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကို သတင်းရေးသားရာမှာ နိုင်ငံတကာ မီဒီယာ အချို့က ရိုဟင်ဂျာ ဟိန္ဒူ လို့ ခေါ်ဝေါ်သုံးနေစွဲတာ ဆက်မလုပ်ဖို့ နဲ့ ဒီလို ခေါ်ဝေါ်တာကို ကန့်ကွက်တယ် ဆိုပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူ ဘာသာရေး အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ