အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က စွပ်စွဲ

ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတချို့ ပြုလုပ်မယ့် အကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။

စစ်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို ရုပ်သိမ်းမှာ ဖြစ်သလို ရခိုင် အရေးအခင်းနဲ့ ပတ်သက်တဲ့ တပ်မတော် အရာရှိတချို့ကိုလည်း ပစ်မှတ် ထားအရေးယူမှု တချို့ ပြုလုပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေ အပါအဝင် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှု တော်တော်များ ထပ်လုပ်ဖို့ကိုလည်း စဉ်းစားမယ်လို့ ဆိုပါတယ်။

မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုး

ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ အတွက် လူပုဂ္ဂိုလ် တဦးချင်းကဖြစ်စေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဖြစ်စေ တာဝန်ယူဖို့ အရေးကြီးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အရင်က နေထိုင်ခဲ့ပြီး မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားရေးကို ကြိုးပမ်းခဲ့ဖူးသူ စီးပွားရေးသုတေသီ ဦးဇော်ဦးကတော့ အခုလို ပိတ်ဆို့အရေးယူမှုဟာ ကောင်းကျိုးဖြစ်ဖို့ရာ သိပ်မရှိဘူးလို့ သုံးသပ်ပါတယ်။

အပြစ်ရှိသူကို ဒဏ်ခတ်တဲ့ ပုံစံမျိုးနဲ့ အရေးယူပိတ်ဆို့မယ့်အစား ပူးပေါင်း ဆောင်ရွက်ခြင်းကသာ မြန်မာ့အခြေအနေ တိုးတက်နိုင်မယ်လို့သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံကြတဲ့ ရိုဟင်ဂျာ လူမျိုး အရေအတွက်ဟာ အခုအခါ ၆သိန်းလောက် ရှိသွားပြီလို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ