ခွင့်ပြုချက်မယူပဲလွှတ်တော်ကိုဒရုန်းဖြင့်ရိုက်ကူးသူ သတင်းထောက်တွေကို အမှုဖွင့်

ဓာတ်ပုံ မူပိုင် Luttaw
Image caption ပြည်သူ့လွှတ်တော် အစည်းအဝေး မြင်ကွင်း

ခွင့်ပြုချက်မယူပဲ လွှတ်တော်အဆောက်အဦးနဲ ့ပြည်ထောင်စုဝန်ကြီးအိမ်အချို့ကို ဒရုန်းဖြင့်ရိုက်ကူးနေတဲ့ တူရကီအခြေစိုက် TRT သတင်းဌာန ရဲ့စင်္ကာပူရုံးခွဲက သတင်းထောက်တွေကိုစ စ်ဆေးပြီးအမှုဖွင့်လိုက်ပါပြီ။

အောက်တိုဘာလ ၂၇ ရက်နေ့ကက လွှတ်တော်ကို ဘီဘီစီ သတင်းထောက် ရောက်သွားတဲ့ အချိန်မှာ လုံခြုံရေးရဲဝန်ထမ်းတစ်ဦးက လွှတ်တော်အဆောက်အဦး ကို နိုင်ငံခြားသား သတင်းထောက် အဖွဲ့ကခွင့်ပြုချက်မယူပဲ ဒရုန်း ဖြင့်ရိုက်ကူးနေသည်ကိုတွေ့ရကြောင်း သူရဲ့အထက်အရာရှိကို သတင်းပို့နေတာကို ကြားခဲ့ရပါတယ်။

ဒရုန်းလွှတ်ပြီးရိုက်ကူးနေတဲ့အဖွဲ ့မှာ တူရကီအခြေစိုက် TRT သတင်းဌာနရဲ့စင်္ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ တစ်ဦး စင်္ကာပူနိုင်ငံသား တစ်ဦး မြန်မာနိုင်ငံသား စကားပြန်နဲ့ ယဉ်မောင်းတို တို ့ဖြစ်ပါတယ်။

နေပြည်တော်က အစိုးရုံးတွေကို အပေါ်စီကနေ ဒရုန်းနဲ ့ရိုက်ကူးမယ်ဆိုရင်ခွင့်ပြု ချက်ယူဖို ့လိုတဲ့အကြောင်းနဲ ့အခုရိုက်ကူး နေတဲ့အဖွဲ ့မှာလဲ လွှတ်တော်အဆောက်အဦးအပြင် ဝန်ကြီးတွေနေတဲ့ရပ်ကွက်ကိုပါ ရိုက်ကူးချင်တဲ့ သဘောဖြစ်နေတယ်လို့ လွှတ်တော်မှာ တာဝန်ကျနေတဲ့ ရဲအရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

လွှတ်တော် လုံခြုံရေးအဖွဲ့အနေနဲ့ခွင့်ပြု ချက်မယူပဲရိုက်ကူးနေတဲ့ နိုင်ငံခြားသတင်းထောက်အဖွဲ ့ကိုအမှတ် ၅ ရဲစခန်းကိုလွှဲပြောင်းပေးခဲ့ပြီးအမှတ် ၅ ရဲစခန်းကမှတဆင့် ဇဗ္ဗူသီရိမြို ့နယ်အမှတ် ( ၁ ) ရဲစခန်းကို ခေါ်ယူစစ်ဆေးခဲ့တာပါ။

အမှတ် ( ၁ ) ရဲစခန်းကို ဘီဘီစီ သတင်းထောက် ရောက်သွားချိန်မှာတော့ ဒရုန်းနဲ့ ရိုက်ကူးတဲ့သတင်းထောက်အဖွဲ့ ကိုရဲတပ်ဖွဲ့အပြင် ရဲသတင်းတပ်ဖွဲလဝက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ တို့က ပါစစ်ဆေးနေတာကိုတွေ့ခဲ့ရပါတယ်။

ရဲစခန်းက ဘီဘီစီ သတင်းထောက်ကို ပေးတဲ့စာရွက်မှာတော့ ဒီသတင်းထောက်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ရှုခင်းတွေ လှပတဲ့ အဆောက်အဦးတွေနဲ့ စေတီပုထိုး လွှတ်တော်အဆောက်အဦးတွေကို ရိုက်တာဖြစ်ကြောင်း လွှတ်တော်အမတ် ဒေါက်တာအေးမောင်နဲ ့တွေ ့ဖို့ လာခဲ့တာဖြစ်ပြီး မတွေ ့ဖြစ်တဲ့အတွက် လွှတ်တော် အဆောက်အဦးကိုဒရုန်းနဲ ့ရိုက်ကူးဖို့ ဒရုန်းလွှတ်တင်တာဖြစ်တယ်လို့စကားပြန် ကိုအောင်နိုင်စိုး ခေါ် ရာကွတ်က ထွက်ဆိုထားတယ်လို့ ရေးသားထားပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညဦးပိုင်းထိစစ်ဆေးပြီးတဲ့နောက်မှာတော့ ကောင်းကင်ကနေ လွှတ်တော်ကိုရိုက်ကူးနေတဲ့ ဒရုန်း မှာ ခွင့်ပြုချက်တစုံတရာမရှိပဲတင်သွင်းလာတဲ့ ဒရုန်းဖြစ်တဲ့အတွက်သွင်းကုန်ပို့ကုန်ပုဒ်နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။