ရခိုင်မြောက်ပိုင်း ဒုက္ခသည်တွေရဲ့ လယ်တွေကို ရိတ်သိမ်းပေး

ဓာတ်ပုံ မူပိုင် BBC-J - Head
Image caption တိုက်ခိုက်မှုတွေ ဖြစ်ပြီးစကာလက မောင်တောဒေသက ဂေါဒူသာရ ကျေးရွာမြင်ကွင်း

ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ပြည်လည်နေရာချထားရေးနဲ ့ဖွံဖြိုးရေးစီမံကိန်းတွေဆောင်ရွက်မယ့် UEHRD ကော်မတီဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်ကိုသွား ရောက်ခဲ့ လေ့လာခဲ့ပါတယ် ။

UEHRD အဖွဲ့ရဲ့ ခရီးစဉ်မှာတော့ ဒုတိယဥက္ကဌ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဦးဆောင်ပြီး လုပ်ငန်းကော်မတီ ၉ ခုကခေါင်းဆောင်တွေလည်း လိုက်ပါသွားခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်းမှာ လတ်တလောမှာ ရင့်မှည့်နေတဲ့ စပါးတွေကို လယ်ယာစီးပွား အများပိုင်းကုမ္ပဏီက စက်ယန္တယားတွေနဲ ့ရိတ်သိမ်းမှု တွေစတင်လုပ်ဆောင်နေတယ်လို ့UEHRD ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးကျော့မြိုင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း ကုမ္ပဏီ MAPCO က စက်တွေနဲ့ ရိတ်သိမ်းပေးနေတာဖြစ်ပြီး ပိုင်ရှင်တွေဖြစ်တဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေ ပြန်လာရင် စပါးတွေကို ပိုင်ရှင်ထံ ပြန်အပ်ရမယ်လို့ ဦးကျော့မြိုင်က ပြောပါတယ်။

ကျေးရွာတွေရဲ့ ရာအိမ်မှူးတွေဆီမှာ လယ်တွေကို ဘယ်သူတွေပိုင်သလဲဆိုတဲ့ စာရင်းဇယားတွေရှိတယ်လို့လည်း သူက ဆိုပါတယ်။

UEHRD ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် ဦးတည်ဆောင်ရွက်မဲ့ လုပ်ငန်းစဉ်တွေလည်း ပါဝင်ပြီး ရခိုင်မြောက်ပိုင်းမှာ စက်မှုဇုံတည်ထောင်ရေးနဲ့ ပတ်သက်လို့တော့ ကော်မတီဝင်တွေအားလုံးပါဝင်တဲ့ နောက်တကြိမ်အစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ကော်မတီတွေ မျက်နှာစုံညီ အစည်းအဝေးကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံတဲ့ စခန်းတွေ သေသေချာချာ တည်ဆောက်ဖို့နဲ့ အဲဒီစခန်းတွေက ဘင်္ဂလားဒေ့ရှ်ဘက်က စခန်းတွေထက် ပိုပြီးလှလှပပဖြစ်အောင် တည်ဆောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတယ်လို့ ဦးကျော့မြိုင်က ပြောပါတယ်။

UEHRD အနေနဲ့ရခိုင်ပြည်နယ် မှာလူခြင်းစာနာမှု အကူအညီတွေပေးဖို့ ပြန်လည်နေရာချရေးကိစ္စနဲ့ဖွံဖြိုး ရေးစီမံကိန်း စတဲ့လုပ်ငန်းကြီး ၃ ခုကိုလုပ်ဆောင်ဖို့ မကြာသေးခင်ကမှာဖွဲ့စည်းလိုက်တာပါ။ ဒီအဖွဲ ့ရဲ့ဥက္ကဌ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတာဝန်ယူထားပြီး အဲဒီကော်မတီကနေ ဆောင်ရွက်မဲ့ ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် မြန်မာ လုပ်ငန်းရှင်ကြီးတွေက အလှူငွေ ကျပ်ငွေ ၁၇ ဘီလီယံနီး ပါးထည့်ဝင်ထားပါတယ်။