ရိုဟင်ဂျာ အရေး ကုလ ဆုံးဖြတ်ချက် ထွက်လာဖို့ OIC တွန်းအားပေး

Image caption နတ်မြစ်ကို ဖြတ်ဝင်လာသူတွေ

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက် ခံရတာကို ကုလသမဂ္ဂက ရှုတ်ချကြောင်း ဆုံးဖြတ်ချက် တစ်စောင်ထွက် လာဖို့ ဆော်ဒီအာရေဗျ အပါအဝင် မွတ်ဆလင် နိုင်ငံတွေက တွန်းအား ပေးနေကြပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထားတဲ့ စစ်ရေး လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့လည်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထဲ ထည့်သွင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ လူ့အခွင့်အရေး ကော်မတီထံ အခုသီတင်းပတ်ထဲ တင်သွင်း ခဲ့တဲ့ အဲဒီ မူကြမ်းထဲ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ အခြေအနေတွေကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အင်မတန် စိုးရိမ်ကြောင့်ကြ ရပြီး၊ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အင်အား အလွန်အကျွံ သုံးစွဲမှု အတွက် ပိုလို့တောင် စိုးရိမ်ရတယ်လို့ ပါဝင် ပါတယ်။

ဆုံးဖြတ်ချက် မူကြမ်းကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့ဝင် ၅၇ နိုင်ငံက ရေးဆွဲတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် ပြစ်တင် ဝေဖန်တာတွေ မရှိတော့တာ ၁ နှစ် ကြာချိန်မှာ အခုလို မြန်မာအရေး ပြန်လည် ပါဝင် လာတာ ဖြစ်ပါတယ်။

အဲဒီမူကြမ်းကို လူ့အခွင့်အရေး ကော်မတီ အတွင်း လာမယ့် နိုဝင်ဘာ ၁၄ ရက် ဝန်းကျင် လောက်မှာ မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိနေပြီး၊ နောက်တစ်လ အတွင်း အထွေထွေ ညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်တဲ့ နောက်ထပ် ဆုံးဖြတ်ချက် မူကြမ်း တစ်စောင်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒုက္ခသည်ကလေးငယ်တွေ အဟာရချို့တဲ့