ကျောက်ဖြူမီးလောင်မှု ဆုံးရှုံးမှုများ

ဓာတ်ပုံ မူပိုင် ဘီဘီစီ
Image caption ပျက်စီး ဆုံးရှုံးမှု က သိန်းထောင်နဲ့ချီပြီး ရှိနိုင်

နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၁ နာရီလောက် အချိန်လောက်မှာ ရခိုင် ပြည်နယ် ကျောက်ဖြူ မြို့နယ် မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ပါတယ်။

မြစ်နားတန်း ရပ်ကွက် က မီးလောင်မှုကြောင့် ငါးပုဇွန် ဒိုင် ၁၃ ဒိုင် နဲ့ အိမ်ခြေ ၁၄ လုံး ခန့် မီးလောင် ပျက်စီး ခဲ့တယ်လို့ ကျောက်ဖြူ ခရိုင် NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ က ဘီဘီစီကို ပြောပါတယ်။

ငါးပုဇွန် ဒိုင်က စတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း နဲ့ လျှပ်စစ် ဝါယာ ကြိုး မတော်တဆမှုကြောင့် မီးလောင် ကျွမ်းမှု ဖြစ်ပွား ခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။

အဲဒီ မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှု ရှိတယ်လို့တော့ အတည်ပြုချက် မရသေးပါဘူး။ ဒါပေမယ့် ငါးလုပ်ငန်း လုပ်ကိုင်တဲ့ ကုန်စည်ဒိုင် တွေ မီးလောင်ပျက်စီး ခဲ့ပြီး လူနေ အိမ် အတော်များများ ဆုံးရှုံးခဲ့ပါတယ်။

မနက် သုံးနာရီ အချိန်လောက်မှာ မီးလောင် ကျွမ်းမှု ကို ငြိမ်းသတ် နိုင်ခဲ့ပေမယ့် ပျက်စီး ဆုံးရှုံးမှု က သိန်းထောင်နဲ့ချီပြီး ရှိနိုင်ပါတယ်။ လောလေဆယ်မှာ အစိုးရ တာဝန် ရှိသူတွေက မီးဘေး ဒုက္ခသည်တွေကို ကူညီ နေတယ်လို့ ဆိုပါတယ်။

အခုလို မီးလောင်မှုကြောင့် လူ အထိအခိုက်နဲ့ အသေအပျောက်မရှိပေမယ့် ဒီမီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူတွေဟာ ဆွေမျိုးသားချင်း နေအိမ်တွေမှာပဲ ခိုလှုံနေရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

မီးဘေး ဒုက္ခသည်တွေ အတွက် လောလောဆယ် အဝတ်အစား အသုံး အဆောင်များ အရေးပေါ် လိုအပ်နေတယ်လို့ ခရိုင် NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ က ပြောကြား ခဲ့ပါတယ်။