ဖားကန့်မှာ ရုန်းရင်းဆန်ခတ် ဖြစ်လို့ သုံးဦး သေဆုံး

Image caption အောက်တိုဘာ ၁၉ ရက်နေ့ တုန်း ကလည်း လုံးခင်း ဘက်မှာ အလား တူ ခိုက်ရန် ဖြစ်ပွားမှုတွေ ဖြစ်ခဲ့

ဖားကန့် ဒေသ ရတနာ စမ်းရွှင် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီရဲ့ လုပ်ကွက် ထဲမှာ နိုဝင်ဘာ ၆ ရက်နေ့ က ရေမဆေး ကျောက် ရှာသူတွေ နဲ့ ရဲ တပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့လို့ ရေမဆေး ကျောက် ရှာဖွေသူ နှစ်ဦး နဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံး ခဲ့ပါတယ်။

ဒုတိယ တပ်ကြပ် အောင်ခိုင် ပစ်ခတ်ခိုက်တဲ့ ကျည်ဆန်ကြောင့် ရေမဆေး ကျောက် ရှာဖွေသူ တစ်ယောက် က အခင်း ဖြစ်နေရာမှာတင် ပွဲချင်းပြီး သေဆုံး ခဲ့တာပါ။

နောက်ထပ် ရေမဆေး သမား တစ်ယောက် ကတော့ ရုန့်ရင်းဆန်ခတ် ဖြစ်နေတဲ့ အချိန်မှာ မတော်တဆ သေနတ် ထိမှန် လို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ လုပ်ကွက် ထဲကို ရေမဆေးကျောက် ရှာဖွေ သူတွေ ဟာ အချိန် မတိုင်ခင် ဝင်ရောက် ခဲ့တဲ့ အတွက် လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ က က ပစ်ခတ်မှုတွေ လုပ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ အပြင် ရေမဆေး ကျောက်ရှာဖွေသူတွေ ရဲ့ ဝိုင်းဝန်း ရိုက်ခတ်မှုကြောင့် ရဲတပ်ဖွဲ့က ဒုတိယ တပ်ကြပ် အောင်ခိုင်လည်း အခင်း ဖြစ်ရာ နေရာမှာတင် သေဆုံး သွားခဲ့ကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ တုန်း ကလည်း လုံးခင်း ဘက်မှာ အလား တူ ခိုက်ရန် ဖြစ်ပွားမှုတွေ ဖြစ်ခဲ့တာကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၆ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရရှိခဲ့ပါတယ်။