အမေရိကန်ကျောင်းသူ ပုဂံဘုရားပေါ်က ကျသေ

Image caption ရှေးဟောင်း စေတီတွေ ထောင်ချီရှိတဲ့ ပုဂံ

အမေရိကန်တက္ကသိုလ် ကျောင်းသူ တယောက် နိုဝင်ဘာလ ၇ ရက် ညနေက ပုဂံမှာရှိတဲ့ ရှေးဟောင်း ဝတ္ထနတ္တော ဘုရား ပေါ်ကနေ ပြုတ်ကျလို့ သေဆုံးသွားခဲ့ပါတယ်။

အသက် ၂၀ ဝန်းကျင် ရှိတဲ့ ကက်ဆန်ဒရာ ဗရွန်ဟာ မတော်တဆ ပြုတ်ကျရာက ရရှိတဲ့ ဒဏ်ရာကြောင့် ညောင်ဦးဆေးရုံက မန္တလေး ဆေးရုံကြီးကို အပို့ လမ်းမှာ ကွယ်လွန် သွားခဲ့တာလို့ သိရပါတယ်။

ပုဂံ ရွှေဆံတော်စေတီ တက်ခွင့် ပိတ်

ပုဂံ နယ်နိမိတ် ချဲ့ထွင်နေ

ဘုရင့်နောင်ခေါင်းလောင်း ကမ္ဘာ့မှတ်တမ်းဝင်

ဒီဘုရားဟာ ကမ္ဘာလှည့် ခရီးသည်တွေကို တက်ခွင့် ပေးထားတဲ့ ဘုရားမဟုတ်ပေမယ့် ခရီးသည်တွေက အန္တရာယ်ရှိမရှိ သိပ်မစဉ်းစားကြဘဲ တက်ခွင့်ရှိတယ်လို့ ယူဆပြီး တက်ကြည့်လေ့ ရှိကြတယ်လို့ ညောင်ဦးမြို့နယ်က မန္တလေးတိုင်း လွှတ်တော်အမတ် ဦးဝင်းမြင့်ခိုင်က ပြောပါတယ်။

မိုးကြောင့် အုတ်တွေဟာ ရေညှိတွေနဲ့ ချော်နေပြီး အမြင့်ပေ ၂ဝ လောက်က ပြုတ်ကျရာက သူ့ရဲ့ ဦးခေါင်းပိုင်း ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

Image caption လူကြိုက်များတဲ့ ပုဂံ နေဝင်ချိန်

အိန္ဒိယ မြန်မာ ဆက်ဆံရေး နှစ်ထောင်ချီခရီး

ပုဂံဘုရားအဝ ကွန်ကရစ်လမ်းခင်းမှု ကန့်ကွက်

ဒီလို အန္တရာယ်ရှိတဲ့ ဘုရားတွေမှာ ခရီးသည်တွေမတက်အောင် သတိပေးချက်တွေ ကပ်ထားဖို့ ရှေးဟောင်း သုတေသန ဌာနက တာဝန်ရှိသူတွေကို ပြောကြားခဲ့ပေမယ့် ဒီလို ဘုရားတွေ များပြားလွန်းပြီး သတိပေးချက်တွေ ကပ်ဖို့ ၀န်ထမ်းအင်အား မလုံလောက်ဘူးလို့ ရှေးဟောင်း သုတေသနဌာနက ပြန်တင်ပြခဲ့တယ်လို့ ဦးဝင်းမြင့်ခိုင်က ပြောပါတယ်။

အခု မိုးရာသီအတွင်း ဒီလိုလိမ့်ကျမှု သုံးလေးခုရှိခဲ့ပေမယ် ဒီတကြိမ်မှာ အခုလို လူသေဆုံးရတဲ့အထိ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ကက်ဆန်ဒရာ ဗရွန်ဟာ အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် အော်စတင်မြို့ စိန့်အက်ဒဝပ် တက္ကသိုလ်မှာ တက်ရောက်ပညာ သင်ကြားနေတဲ့ ကျောင်းသူတဦး ဖြစ်ပါတယ်။