အခွန်ပြောင်းကောက်ဖို့ ကန်အောက်လွှတ်တော် အတည်ပြု

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခွန်ကောက်ခံမှု ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မယ့် သမ္မတ ထရမ့်

အမေရိကန် အောက်လွှတ်တော်မှာ အခက်အခဲမရှိ အတည်ပြုပေးခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ အခွန်ကောက်ခံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို အကြီးအကျယ် ထောက်ခံမှုရခဲ့ပါတယ်။

ရိုးရှင်းမျှတတဲ့ အခွန်ကောက်ခံမှုကြောင့် လက်လှမ်းမှီနိုင်တဲ့ အနေအထားကနေ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာကာ အလုပ်အကိုင်တွေလည်း ရကြပြီး ၊ အမေရိကန်ပြည်သူတွေ ပြန်လည် ကြွယ်၀ ချမ်းသာလာကြမှာပါ လို့ အိမ်ဖြူတော် ပြောခွင့်ရသူ Sarah Huckabee Sanders ဆာရာ ဟတ်ကာဘီး ဆန်းဒါးစ်က ဆိုပါတယ်။

ဒါ့အပြင် သမ္မတ ကြိမ်ဖန်များစွာ ပြောခဲ့သလို ၊ အမေရိကန်တွေရဲ့ ကြီးမားတဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာတော့မှာပါလို့လည်း သူက ပြောပါတယ်။

အခု ဒီမူကြမ်းကို ဆီးနိတ်လွှတ်တော်မှာ အတည်ပြုဖို့ လုပ်နေပါပြီး အောက်လွှတ်တော်မှာ ကန့်ကွက်မဲ ၁၃ မဲ ရှိခဲ့တဲ့ ဒီအခွန်ပြောင်းလဲ ကောက်ခံရေး ကိစ္စကို ရီပါ့ဘလစ်ကန် အမတ်တွေ အနေနဲ့ ထောက်ခံပေးဖို့ သမ္မတက ကွန်ဂရက်ကို ရောက်လာပြီး တိုက်တွန်းခဲ့ပါတယ်။

ရီပါ့ဘလစ်ကန် တယောက်ဖြစ်တဲ့ ၊ အောက်လွှတ်တော် ဥက္ကဌ ပေါလ် ရိုင်ယန်က သမ္မတကို ထောက်ခံခဲ့ပြီး အခွန်ကောက်ခံမှု ပြောင်းလဲရေးဆိုင်ရာ ဒီဥပဒေမူကြမ်းဟာ စီးပွားရေး ပြန်လည် ဖွံ့ဖြိုးဖို့ တခုတည်းသော နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တွေကတော့ ဒီအခွန်ကောက်ခံမှု ပြုပြင်ပြောင်းလဲရေး ကနေ စီးပွားရေး လုပ်ငန်းတွေနဲ့ လူချမ်းသာတွေ အတွက်သာ အကျိုးအမြတ် ရှိစေမှာ ဖြစ်တယ်လို့ ပြောနေပါတယ်။

တကယ်လို့ ဆီးနိတ်လွှတ်တော်မှာ ဒီဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့မယ် ဆိုရင် ဒါဟာ ၁၉၈၆ သမ္မတဟောင်း ရေဂင် လက်ထက် နောက်ပိုင်း အကြီးမားဆုံး အခွန် ပြောင်းလဲကောက်ခံမှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။