ပဲရစ်မြို့ပေါ် လျှောက်သွားနေတဲ့ ကျားကို ပစ်သတ်

Image caption ဆပ်ကပ်ကျား ပဲရစ်မြို့ပေါ်လျှောက်သွား

ပြင်သစ် နိုင်ငံ ပဲရစ်မြို့က လမ်းပေါ်မှာ ဆပ်ကပ် ပွဲတခုက လွတ်လာတဲ့ ကျားတကောင်ကို ပစ်သတ်လိုက်ပါတယ်။

မြို့အနောက်ဖက် စိန်းမြစ်နားမှာ သတ္တဝါ တကောင် ထွက်ပြေး လွတ်မြောက်နေတာ တွေ့တယ်လို့ မနေ့ ညနေ ခြောက်နာရီ အချိန်မှာ လူတွေက အရေးပေါ် ဌာနကို ဖုန်းဆက် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

Garigliano တံတားနားမှာ ကျားပိုင်ရှင်တွေက ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။

အခုတော့ အန္တရယ်မရှိတော့ဘူးလို့ ပြင်သစ်ရဲက ပြောပါတယ်။

ဆပ်ကပ်ထဲက ကျား ဘယ်လို ဘယ်ပုံ လွတ်မြောက် သွားတာလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။