ဘာသာရေး ခုတုံးလုပ်လို့ အစွန်းရောက်လို့ မဟနပြော

ဗန်းမော်ဆရာတော်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဓာတ်ပုံ မူပိုင် ETTORE FERRARI
Image caption ဗန်းမော်ဆရာတော်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့မှာ လက်ဆွဲနှုတ်ဆက်စဉ်

ကိုးကွယ်သူတွေက ဘာသာရေးရဲ့ မူရင်းသင်ကြားမှုတွေ ထက် ကျော်လွန်ပြီး ကိုယ်လိုရာ ဘာသာရေးကို ခုတုံးလုပ်တဲ့အတွက် အစွန်းရောက် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပွဲမှာ မိန့်ကြားခဲ့ပါတယ်။

အမည်နာမ တပ်ပြောဆိုတာ မရှိပေမယ့် ကိုးကွယ်သူတွေက ဘာသာရေးရဲ့ မူရင်းသင်ကြားမှုတွေကို ဆန္ဒ၊ ဒေါသ၊ မောဟစတဲ့ အဂတိတရားတို့နဲ့ ရောနှော အသုံးချနေတဲ့အတွက် အစွန်းရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ယုံကြည်ကြောင်း ဗန်းမော် ဆရာတော်ကဆိုပါတယ်။

အဲဒီလို ဘာသာရေးကို ခုတုံးလုပ်ပြီး ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ရှုတ်ချရမယ်လို့ မိန့်ပါတယ်။

Image caption ဗန်းမော်ဆရာတော်နဲ့ ပုပ်ရဟန်းမင်းကြီး

ပုပ်ရဟန်းမင်းကြီး ကလည်း မြန်မာပြည်က လူမှုအဖွဲ့အစည်း ခေါင်းဆောင်နဲ့ ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ အသံမဲ့သူတွေရဲ့ အသံတွေကို ကြားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

မြန်မာပြည်မှာ မတူကွဲပြားမှုတွေ ရှိနေပေမယ့် သဟဇာတဖြစ်အောင်နေထိုင်ဖို့ ဘာသာရေး ခေါင်းဆောင်တွေ ကူညီပေးဖို့လည်း သူကတိုက်တွန်းပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေး အတွက် ဘာသာရေး ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လည်း အရေးကြီးတယ်လို့ ပုပ်ဖရန်စစ်က မိန့်ပါတယ်။

မြန်မာပြည် လေးရက်ကြာ လာရောက် လည်ပတ်ခဲ့ပြီး နိုဝင်ဘာလ ၃ဝ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို ကြွရောက်မှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။