HIV ကူးစက်မှု များတဲ့ နိုင်ငံထဲ မြန်မာလည်းပါ

Image caption ကူးစက်မှု မြင့်မားတဲ့ နိုင်ငံတွေထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင်

၂၀၁၇ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက် တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ကို Everybody Counts ဆိုတဲ့ ဆောင်ပုဒ်နဲ့ အခမ်းအနားကျင်းပပြုလုပ်ကြပါတယ်။

"လူသားအားလုံး အဖိုးတန်တယ်" ဆိုတဲ့ဆောင်ပုဒ်နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့မှာ တကမ္ဘာလုံးက ကျင်းပကြတာပါ။

မြန်မာနိုင်ငံလည်း HIV ပိုးကူး စက်မှုမြင့်မားတဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံထဲက တခုအပါအဝင်ဖြစ်တယ်လို့ ယူအန်အေအိုင်ဒီအက်စ်မှတ်တမ်းအရ သိရပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ဖားကန့်မြို့နယ်က မူးယစ်ဆေးဝါးသုံးဆွဲမှု၊ လိင်ဆက်ဆံမှုကနေတဆင့် အိပ်ချ်အိုင်ဗီ ပိုး ကူးစက်မှုမြင့်မားတဲ့ ဒေသတခုပါ။ အိပ်ချ်အိုင်ဗွီ လူနာတွေကလည်း အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး အမေ့ခံဖြစ်နေတယ်လို့ ဖန်းကန့်မြို့နယ်က အိပ်ခ်ျအိုင်ဗွီ လူနာတယောက်ဖြစ်တဲ့ မဆန်းမူက ပြောပါတယ်။

မြန်မာပြည်က အိပ်ချ်အိုင်ဗွီလူနာနဲ့ ဆေးဝါးအတွက်ငွေကြေးအကူအညီပေးနေတဲ့ နိုင်ငံတကာအလှုရှင်နဲ့ အဖွဲ့အစည်းတွေဟာလည်း မြန်မာပြည်ကနေ တဖြည်းဖြည်းထွက်ခွာနေပြီး ၂၀၂၀ ခုနှစ်ကျရင် အပြီးထွက်သွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံဟာ ပွင့်လင်းလာတဲ့အတွက် အရင်က ထက် အိပ်ချ်အိုင်ဗွီလူနာတွေက ဆေးရယူမှုနဲ့ ဆေးကုသမှုတွေပိုမိုလွယ်ကူလာတယ်လို့ HIV လူနာအခွင့်အရေးလှုပ်ရှားသူ မဖြူဖြူသင်းက ဆိုပါတယ်။ အစိုးရက ပိုပြီးတာဝန်ယူလာရတဲ့အတွက် အခက်အခဲတွေရှိနိုင်တယ်လို့ မဖြူဖြူသင်း က ဘီဘီစီကို ပြောပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်၂၀၁၆ ခုနှစ်ကုန်ပိုင်းအထိ အိပ်ချ်အိုင်ဗွီပိုးရှိသူဦး ရေမှာ ၃၆.၇ သန်းရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၇ နှစ်ဝက် လောက် အထိ အိပ်ချ်အိုင်ဗွီလူနာဦးရေ ၂၀.၉ သန်းလောက်သာ ဆေးကုသခွင့်ရရှိတယ်လို့ WHO ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။