ကုလငြိမ်းတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၁၄ ယောက်သေ

ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကီဗူးမှာ တာဝန်ကျနေတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ

ကွန်ဂို ဒီမိုကရက်တစ်သမ္မတ နိုင်ငံမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၁၄ ယောက် ကို တိုက်ခိုက် သတ်ဖြတ်မှုဟာ စစ်ရာဇ၀တ်မှု မြောက်တယ်လို့ ကုလ အတွင်းရေးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က နိုင်ငံ အရှေ့ပိုင်း မတည်ငြိမ်တဲ့ ဒေသမှာ သူပုန်တွေရဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး အဖွဲ့ကို တိုက်ခိုက်မှုဟာ သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးဘဲလို့ Antonio Guterres က ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့၀င်တွေဟာ တန်ဇန်းနီးယားက ဖြစ်ပေမယ့် သေဆုံးတဲ့ အထဲက ငါးယောက်ကတော့ ကွန်ဂို နိုင်ငံသားတွေ ဖြစ်ကာ တပ်ဖွဲ့ဝင် ငါးဆယ်ကျော် ဒဏ်ရာရခဲ့သလို အတော် များများလည်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စလာမ် ဝါဒီ စစ်သွေးကြွတွေ ဖြစ်တဲ့ ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့များ ဆိုတဲ့ အဖွဲ့ရဲ့ လက်ချက်လို့ ကုလ အရာရှိတွေက သံသယ ရှိနေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း ဒီမိုကရက်တစ် ကွန်ဂို အရှေ့ပိုင်းက ကုလသမဂ္ဂ စခန်းကို တိုက်ခိုက်မှုတွေထဲက လတ်တလော ဖြစ်ခဲ့တဲ့ ကိစ္စဟာ တတိယ အကြိမ်မြောက် ဝင်ရောက် စီးနင်းခံရမှု ဖြစ်ပါတယ်။