UMFCCI ကြေငြာချက်ထုတ်ပြန်

ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption လာအိုနိုင်ငံကို အမီလိုက်နိုင်ဖို့ မလွယ်သေး

UMFCCI လို့ခေါ်ကြတဲ့ ကုန်သည်စက်မှု အသင်းချုပ် ညီလာခံ အပြီးမှာ ဆုံးဖြတ်ချက် ၁၇ ချက် ပါတဲ့ ကြေငြာချက် တစောင်ကို ထုတ်ပြန်လိုက်ပါတယ် ။

ဒီထုတ်ပြန်ချက်မှာ စီးပွားရေး တိုးတက်ဖို့ အတွက် နိုင်ငံတော် အစိုးရနဲ့ နီးကပ်စွာ လက်တွဲ ဆောင်ရွက်ရန်၊ ကောင်းမွန်တဲ့ စီးပွားရေး ဝန်းကျင် ဖော်ဆောင်ဖို့ စစ်မှန် ထိရောက်တဲ့ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက် ခြင်းများ ပေါ်ပေါက်စေရန် နိုင်ငံတော် အစိုးရအား တိုက်တွန်း နှိုးဆော်ရန် တို့ ပါဝင်ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့များနဲ့ ပိုမို နီးကပ်စွာ ချိတ်ဆက် လုပ်ကိုင်ပြီး ယုံကြည်မှု တည်ဆောက်ရေး အားပေးရန် ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

NLD အစိုးရ တက်လာ ပြီးတဲ့ အချိန်က စလို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ စီမံကိန်း ဝန်ကြီး ဦးကျော်ဝင်းနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တို့ ကုန်သည်စက်မှု အသင်းချုပ်က တာဝန်ရှိသူတွေနဲ့ တလ တခါ နီးပါး တွေ့ဆုံနေတာပါ ။

ဒီနှစ် ညီလာခံ မှာ တခြား ပြည်နယ်တိုင်းတွေက ကုန်သည်စက်မှု အသင်းချုပ်တွေ ကိုလည်း ဖိတ်ကြားခဲ့ပြီး သူတို့ရဲ့ တင်ပြချက်အရ အခုလို ထည့်သွင်း တိုက်တွန်းရတာလို့ ကုန်သည်စက်မှု အသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ရှင်းပြပါတယ်။

စီးပွားရေးနဲ့ ငြိမ်းချမ်းရေး တန်းတူ ဦးစားပေးသင့်

နိုင်ငံခြားသား ကုမ္ပဏီ ပိုင်ခွင့် ရမယ်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စီးပွားရေး
ဓာတ်ပုံ မူပိုင် UMFCCI
Image caption မြန်မာနိုင်ငံရဲ့ စီးပွားရေး နာမကျန်းတဲ့ အခြေအနေ ရောက်နေ

စီးပွားရေး မကောင်းတဲ့ အချိန်မှာ စီးပွားရေးနဲ့ ဆိုင်တဲ့ ဝန်ကြီးတွေ အနေနဲ့ ဒေသခံ လုပ်ငန်းရှင်တွေနဲ့ ပိုမိုထိတွေ့ဖို့လိုတယ်လို့ လုပ်ငန်းရှင် တဦးက ဆိုပါတယ်။

အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ ဒေသခံလုပ်ငန်းရှင်တွေနဲ့ ထိတွေ့မှု နည်းတဲ့ အချက်ကြောင့် ဒေသခံ လုပ်ငန်းရှင်တွေမှာ တွေ့ကြုံနေရတဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေ လုပ်ငန်း ကြန့်ကြာနေတာကို တင်ပြဆွေးနွေးလို့ မရဘူး ဖြစ်နေတယ် လို့ မူဆယ်ဒေသခံ ကုန်သည်အချို့က ဆိုပါတယ်။

UMFCCI ဒုသမ္မတနဲ့တွေ့

UMFCCI အမှုဆောင်သစ်တွေကို ကန့်ကွက်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တပတ်အတွင်း စီးပွားရေး သုံးသပ်ချက်

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဟာ နာမကျန်းတဲ့ အခြေအနေမှာ ရောက်နေပြီး လက်ရှိအစိုးရရဲ့ ကျန်နေတဲ့ သက်တမ်းမှာ လာအိုနိုင်ငံကို အမီလိုက်နိုင်ဖို့တောင် မလွယ်ဘူးလို့ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က ညီလာခံ အဖွင့်မှာ ပြောသွားခဲ့ပါတယ် ။

ကုန်သည်စက်မှု အသင်းချုပ် ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စီးပွားရေး တည်ငြိမ်မှု ရှိပြီး ရှေ့သို့တိုးတက်ရန် ဆောင်ရွက်မယ့် မဟာဗျူဟာနဲ့ လုပ်ငန်းစဉ်တွေကို ဦးစားပေး ကဏ္ဍ အလိုက် နိုင်ငံတော်အစိုးရ အနေနဲ့ သတ်မှတ် ပေးရန် တိုက်တွန်းကြောင်း ဆုံးဖြတ်ချက် ထည့်သွင်း ပါရှိပါတယ်။