ချင်းအရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကျင်းပ

ဓာတ်ပုံ မူပိုင် Salai Mang Ghung
Image caption ချင်းအရပ်ဖက်အဖွဲ့အစည်းများ ဒုတိယကြိမ်တွေ့ဆုံ

ချင်းပြည်နယ် ကန်ပလက်မြို့မှာ ဒီဇင်ဘာလ ၁၄ရက်နေ့ကနေ စပြီး ချင်းအရပ်ဘက်အဖွဲ့တွေရဲ့ ဒုတိယအကြိမ် ဖိုရမ်ပြုလုပ်နေပါတယ်။

ဒီဖိုရမ်မှာ နိုင်ငံရေး ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဖက်ဒရယ် အရေးတွေနဲ့ ပတ်သတ်ပြီး ချင်းပြည်သူလူထုရဲ့ အသံတွေကို အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီပွဲကို ဦးဆောင်စီစဉ်သူ တဦးဖြစ်တဲ့ ဆလိုင်းပါးလျန်က အခုလိုအရပ်ဘက်အဖွဲ့တွေ တွေ့ဆုံမှုကနေ အချင်းချင်း ပူးပေါင်း ချိတ်ဆက်မှု ပိုပြီး အားကောင်းဖို့ မျှော်လင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ချင်းညီလာခံ ကျင်းပရေး ပြင်ဆင်

ချင်းပြည်နယ်တွင်း မင်းတပ် ၊ မတူပီ ၊ ကန်ပလက် အစရှိတဲ့ ချင်းမြို့နယ် ၉ မြို့နယ် အပါအဝင် ချင်းလူမျိုးတွေ ရှိတဲ့ မကွေး မန္တလေးနဲ့ ရခိုင်ပြည်နယ် ပလက်ဝ အစရှိတဲ့ မြို့တွေက ချင်းအရပ်ဘက် အဖွဲ့အစည်းတွေ က ကိုယ်စားလှယ် ၁၄၀ လောက် တက်ရောက်နေပါတယ်။

ဒီဖိုရမ်ကို ဒီဇင်ဘာလ ၁၄ရက်နေ့ကနေ ဒီဇင်ဘာလ ၁၆ရက်နေ့အထိ ၃ ရက်ကြာပြုလုပ်သွားမှာ ဖြစ်ပါတယ်။