ဝမ်ပေါင်ကိစ္စ တရုတ်သံရုံးကို တိုင်

ဓာတ်ပုံ မူပိုင် EPA
Image caption တိုင်ကြားစာ မပေးဘဲ ပြန်ခဲ့ကြရတယ်လို့ တရုတ် သံရုံး ရှေ့ သွားရောက် ခဲ့တဲ့ လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ် ဆောင်ရွက်ရေး ကော်မတီရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်နော်အုန်းလှ ကပြောပါတယ်

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသခံ တချို့မှာ နစ်နာမှုတွေ ရှိတယ်ဆိုပြီး ဝမ်ပေါင် ကုမ္ပဏီ ကို ကန့်ကွက် တဲ့ တိုင်ကြား စာကို တရုတ် သံရုံးကို လက်ပံတောင်း ဒေသခံတွေ လာရောက် ပို့ခဲ့ကြ ပါတယ်။

ဒေသခံတွေဟာ ဗုဒ္ဓဟူး နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ ဝမ်ပေါင် ကုမ္ပဏီကို စီမံကိန်းနဲ့ ပတ်သက်ပြီး နစ်နာမှုတွေ ကြုံနေ ရတယ် ဆိုပြီး တိုင်ကြားခဲ့ ပါတယ်။

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ဧရိယာ ထဲက တုံ၊ တောချောင်း ဆည်တဲ မိုးကြိုးပြင် စတဲ့ ရွာတွေက တောင်သူ တချို့ ဟာ စီမံကိန်း ကို အကောင် အထည် ဖော်နေတဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီဟာ စီမံကိန်း ကြောင့် နစ်နာမှု တွေ ရှိနေ တယ် ဆိုပြီး တရုတ် သံရုံးကို လာရောက် တိုင်ကြားစာ ပို့ခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီ တိုင်ကြားစာကို သံရုံးဘက်က လက်ခံ မယူဘဲ ရဲတပ်ဖွဲ့ ကနေ တဆင့် ပေးဖို့ ပြောတာ ကြောင့် သံရုံး ရှေ့မှာ ရဲတပ်ဖွဲ့ဝင် တွေနဲ့ စီမံကိန်း အရေး လှုပ်ရှားသူတွေ အကြား မကျေမလည် ဖြစ်ခဲ့ပြီး ဒီနောက်တော့ တိုင်ကြားစာ မပေးဘဲ ပြန်ခဲ့ ကြရတယ်လို့ တရုတ် သံရုံး ရှေ့ သွားရောက် ခဲ့တဲ့ လက်ပံတောင်း တောင် အကျိုး စီးပွား ကာကွယ် ဆောင်ရွက်ရေး ကော်မတီရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်နော်အုန်းလှ ကပြောပါတယ်။

စီမံကိန်း အရေး လှုပ်ရှား သူတွေဟာ နေပြည်တော်မှာ ရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ကိုလည်း ဗုဒ္ဓဟူးနေ့က တွေ့ဖို့ ကြိုးစား ပေမယ့် လက်ခံ တွေ့ဆုံ တာ မရှိတာ ကြောင့် စီမံကိန်းနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ ပေးခဲ့ ပါတယ်။

လက်ပံတောင်း စီမံကိန်း ဧရိယာမှာ ဧက ၆၀၀၀ ကျော် သိမ်းယူ ခဲ့ပြီး ၃ ပုံ ၂ ပုံ လောက်က လျော်ကြေး ယူပြီး ဖြစ်ပေမယ့် ဧက ၁၉၀၀ ကျော် လောက်ကတော့ မြေယာ လျော်ကြေး မယူကြ သေးပါဘူး။

ဒီလို လျော်ကြေး မယူ ရသေးတဲ့ တောင်သူတွေ ကတော့ သူတို့ရဲ့ မြေယာတွေ အတွက် သီနှံ စိုက်ပျိုးခွင့် ဆုံးရှုံးလို့ဆိုပြီး နှစ်စဉ် နစ်နာ ကြေးတွေ ပေးဖို့နဲ့ မြေယာ အစားထိုး ဖန်တီးပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အခုလို တောင်းဆို မှုတွေ ကြောင့် တိုင်းဒေသကြီး နဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တွေဟာ ဒေသခံ တောင်သူ တချို့နဲ့ တွေ့ပြီး ဆွေးနွေး တာတွေ လုပ်ခဲ့ ပါတယ်။

စီမံကိန်း အရေး လှုပ်ရှား သူတွေဟာ ကြေးနီ စီမံကိန်းတွေမှာ နစ်နာမှုတွေ ရှိတယ် ဆိုပြီး ဝမ်ပေါင် ကုမဏီကို အခု သီတင်းပတ် အစောပိုင်းမှာလည်း ကန့်ကွက်စာ ပေးခဲ့ကြပါတယ်။ ကုမ္ပဏီဘက် ကတော့ မြေယာ လျော်ကြေးနဲ့ ထောက်ပံ့ငွေ တွေ ကို ပေးနေတယ်လို့ ပြောထား ပေမယ့် လျော်ကြေးမယူရသေးတဲ့ ဒေသခံတွေ ကတော့ ပြည်ထောင်စု အစိုးရ ကနေ ညှိနှိုင်း ပေးဖို့ လိုလား နေကြတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ