၈ လေးလုံးပါတီ မှတ်ပုံတင်

ဓာတ်ပုံ မူပိုင် EPA
Image caption ၈ လေးလုံးပါတီကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့

၈ လေးလုံးအရေးအခင်းမှာ ထင်ရှားခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ၈ လေးလုံးပါတီကို ဒီဇင်ဘာ ၁၉ ရက်မှာ မှတ်ပုံတင်လိုက်ပါတယ်။

၈ လေးလုံးပါတီကို ထောက်ခံ အားပေးကြသူတွေ ရှိသလို ဝေဖန်ငြင်းခုံမှုတွေလည်း ရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
8888 rose

၈လေးလုံး အရေးတော်ပုံမှာ ပြည်သူတရပ်လုံး ပါဝင်ခဲ့

၈ လေးလုံးကို ဘယ်လို နားလည်မလဲ

၈ လေးလုံးပါတီ ဆိုတဲ့ နာမည်ဟာ ၈ လေးလုံး အရေးအခင်းကြီးရဲ့ အစဉ်အလာနဲ့ အမွေအနှစ်တွေကို တစုတဖွဲ့က မောင်ပိုင်စီးလိုက်သလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်ချက်နဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးကို ဘီဘီစီက မေးရာမှာ အဲဒီ အသုံးအနှုန်း ဟာ သိပ်ကြမ်းတယ်လို့ မှတ်ချက်ပြုပါတယ်။

ပါတီ နာမည်မှတ်ပုံတင်ခွင့် ပြုမပြုဟာ ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်မှာဖြစ်ပြီး အရင် စစ်တပိုင်းအစိုးရ လက်ထက်တုန်းကတောင်မှ ၈၈ နာမည်နဲ့ ပါတီထောင်ခဲ့တာတွေကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့တဲ့ အတွက် အခုရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ ပြဿနာ မရှိလောက်ဘူးလို့ ယူဆကြောင်း ဦးကိုကိုကြီးက ဆက်ပြောပါတယ်။

ကိုယ့်ရဲ့နိုင်ငံရေး ယုံကြည်ချက်၊ ဦးတည်ချက်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းဖို့ကသာ အရေးကြီးတယ်လို့လည်း သူကဆိုပါတယ်။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ၈ လေးလုံး ကာလ လှုပ်ရှားသူတွေ ပါတဲ့ ၈ လေးလုံးပါတီ

၈ လေးလုံးပါတီဟာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည် ဆောင်ရွက်မှာ မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ဆောင်ရွက်မယ်ဆိုတဲ့ အချက်အပေါ်မှာ ဝေဖန်ကြတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါဟာ နိုင်ငံရေးရဲ့ သဘောသဘာဝကို နားမလည်လို့သာ ဖြစ်တယ်လို့ ဦးကိုကိုကြီးက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၈လေးလုံး နေ့ အထိမ်းအမှတ် ပွဲတွေ ကျင်းပ

၈၈ ငြိမ်းပွင့်က ခေါင်းဆောင်တချို့ ရွေးကောက်ပွဲဝင်မယ်

ဦးကိုကိုကြီးကို တရားရုံးမှာ ဆင့်ခေါ်

ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးဟာ ပန်းတိုင်ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးဟာ အဲဒီပန်းတိုင်ဆီ ရောက်အောင် သွားရာမှ မလွှဲမရှောင်သာ ဆောင်ရွက်ရမယ့် နည်းလမ်းတခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆင်းရဲမွဲတေမှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပြဿနာ အားလုံးနဲ့ ဆက်စပ် နေတဲ့ အတွက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို ၈ လေးလုံးပါတီ အနေနဲ့ ဦးတည် တိုက်ဖျက်သွားမယ်လို့လည်း ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ