ကိုဝလုံးဇနီးသည်ရဲ့ ဖွင့်ဟ ပြောဆိုချက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကိုဝလုံးဇနီးသည်ရဲ့ ဖွင့်ဟ ပြောဆိုချက်

ရိုက်တာသတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ရဲတွေက ဒီဇင်ဘာလ ၁၂ ရက်နေ့ ထောက်ကြန့်နားမှာ ဖမ်းလိုက်ပါတယ်။

သူတို့ဖမ်းဆီးထိန်းသိမ်းခံထားရတာဟာ အခုဆိုရင် တပတ်ရှိနေပါပြီ။

သူ့မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း သူတို့ကိုတွေ့ခွင့်မရသလို သူတို့ဘယ်မှာထိန်းသိမ်းခံထားရလဲ ဆိုတာလည်း မသိရသေးပါဘူး။

သက်ဆိုင်ရာအာဏာပိုင်တွေက အမှုကိုဆက်လုပ်ဖို့ ရဲတွေကိုတာဝန်ပေးလိုက်ပြီးလို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့သတင်းထောက်ထဲက တယောက်ဖြစ်တဲ့ ကိုဝလုံးရဲ့ အမျိုးသမီး မပန်းအိမွန်ကို ဘီဘီစီမြန်မာပိုင်းအကြီးတန်းသတင်းထောက် စောရန်နိုင်က သီးသန့်တွေ့ဆုံပြီး အင်တာဗျူးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ