သတင်းသမားတွေ လေးသံနားထောင်

Image caption သတင်းမီဒီယာဥပဒေနဲ့ ဖြေရှင်းခွင့်ပေးဖို့တောင်းဆို

အဖမ်းဆီးခံသတင်းထောက်နှစ်ယောက်ကိစ္စကို သတင်းမီဒီယာကောင်စီက သတင်းမီဒီယာဥပဒေနဲ့ ဖြေရှင်းပေးချင်တယ်လို့ ပြောလိုက်ပါတယ်။

တကယ်လို့ သတင်းမီဒီယာဥပဒေနဲ့ မဖြေရှင်းဘဲ တရားရုံးတင်စစ်ဆေးမယ်ဆိုရင်လည်း သတင်းမီဒီယာကောင်စီက ကျွမ်းကျင်သူ သက်သေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ပြုစေလိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သတင်းသမားနှစ်ယောက် အတွက် လိုအပ်မယ်ဆိုရင် ဥပဒေ အထောက်အကူပေး ကူညီတာကိုလည်း လက်ခံစေချင်တယ်လို့ ဆိုပါတယ်။

အဖမ်းဆီးခံရိုက်တာ သတင်းသမားနှစ်ယောက်နဲ့ ပတ်သက်ပြီး မြန်မာသတင်းမီဒီယာကောင်စီက သူတို့ရဲ့ သဘောထားကို ကြေညာချက်ထုတ်ပြန်ပြောဆိုပြီး ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ် ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခံနေရတယ်လို့လည်း သတင်းမီဒီယာကောင်စီက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာဖိအားကြောင့် နိုင်ငံရဲ့ပုံရိပ်ကျဆင်းနေချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲသလိုအချိန်မျိုးဖြစ်တဲ့အတွက် သူတို့ရဲ့ အကြံပေးချက်တွေကို လိုက်နာသင့်တယ်လို့လည်း ဆိုပါတယ်။

သတင်းမီဒီယာကောင်စီရဲ့ ကြေညာချက်မှာ သူတို့အကြံပြုတောင်းဆိုတာတွေဟာ ဘယ်သူ့ကို အကြံပြုတောင်းဆိုတယ်လို့ တိတိကျကျမဖော်ပြထားပေမယ့် အစိုးရကို ဦးတည်ပြောဆိုတယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် သတင်းသမားတွေကို ဖမ်းဆီးမှုတွေရှိနေတဲ့ အတွက်သတင်းသမားတွေ အနေနဲ့ ညောင်သီးလည်းစား၊ လေးသံလည်းနားထောင်ရမယ်လို့လည်း သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ၁ ဦးအောင်လှထွန်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ