ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး အိန္ဒိယ အကူအညီပေးမယ်

Image caption လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် အကူအညီပေး

ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အိန္ဒိယက အကူအညီတွေ ပေးမယ် ဆိုပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြားမှာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

အိန္ဒိယအစိုးရက တစ်နှစ်ကို မေရိကန် ဒေါ်လာ ၅ သန်းနှုန်းနဲ့ ၅ နှစ် အထိ စုစုပေါင်း ၂၅ သန်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာ လမ်း တံတားတို့လို အခြေခံ အဆောက်အဦတွေ ပြင်ဆင် ဆောက်လုပ်ဖို့ အပါအဝင်၊ အသေးစား စွမ်းအင် စီမံကိန်းတွေ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းတွေနဲ့ လေ့ကျင့်ရေး စင်တာ တည်ထောင် ပေးတာမျိုးတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

Image caption တရုတ်နဲ့အပြိုင် ရခိုင်ထဲ ရင်းနှီးမြှုပ်နှံမှုတွေ ထားရှိဖို့ အိန္ဒိယ ခြေလှမ်းစတင်

ဒါ့အပြင် ပတ်ဝန်းကျင်နဲ့ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်တွေ ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ၊ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းတွေနဲ့ ကလေးသူငယ် ပြုစု စောင့်ရှောက်ရေး လုပ်ငန်းတွေမှာလည်း အသုံးပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နားလည်မှု စာချွန်လွှာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အက်စ်. ဂျိုင်ရှန်ကာ တို့ လက်မှတ် ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ အခုခြေလှမ်းဟာ ဒေသတွင်း ပြိုင်ဘက်ဖြစ်တဲ့ တရုတ် နိုင်ငံလိုပဲ ရခိုင်ထဲမှာ ရင်းနှီးမြှုပ်နှံတာတွေ လုပ်ဖို့ ခြေလှမ်း စတင် လာတာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ