ကက်တလန် ရွေးကောက်ပွဲ ကျင်းပပြီ

ဓာတ်ပုံ မူပိုင် EPA
Image caption ကက်တလန် ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ မဲပေးကြ

စပိန်နိုင်ငံကနေ အငြင်းပွားဖွယ်ရာ လွတ်လပ်ရေး ကြေညာခဲ့တဲ့ ကက်တလန်ဒေသမှာ ဒေသခံ ပါလီမန်အတွက် ရွေးကောက်ပွဲကို ဒေသခံ တသန်းက မဲပေးနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ စပိန်နိုင်ငံ ကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားတဲ့ ကက်တလန် ပါလီမန်က ကက်တလန်ဒေသ လွတ်လပ်ရေးကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဒေသတွင်းမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာတော့ စပိန် ဝန်ကြီးချုပ် မာရီယာနို ရာဟွိုင်း က ကက်တလန် အစိုးရကို ထုတ်ပယ်ခဲ့ပြီး ဒီဒေသကို တိုက်ရိုက် အုပ်ချုပ်ကာ ဒီဇင်ဘာ ၂၁ ရက်မှာ ကက်တလန် ပါလီမန်အတွက် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးခဲ့တာကြောင့် အခုလို ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဖြုတ်ချခံရပြီး ပြည်ပကို ထွက်ပြေးခဲ့တဲ့ ကက် တလန်ဒေသခွဲထွက်ရေး ခေါင်းဆောင် ပူးဂျမွန်ကိုလည်း ယှဉ်ပြိုင် ခွင့်ပြုထားပါတယ်။

ကက်တလန် ခေါင်းဆောင်ဟောင်းကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ မူပိုင် Alberto Estevez
Image caption အေးအေးဆေးဆေး မဲပေးကြ

ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာတော့ စပိန်ကနေ ခွဲထွက်ရေးလိုလားတဲ့ ပါတီနဲ့ စပိန်ရဲ့ အောက်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ် ရပ်တည်လိုတဲ့ ပါတီတို့ အဓိက ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။

အစောပိုင်း ကောက်ခံခဲ့တဲ့ ရွေးကောက်ပွဲ စစ်တမ်းတွေ အရ လွတ်လပ်ရေး လိုလားတဲ့ ကတ်တလိုနီးယား ရီပတ်ဗလစ်ပါတီ (အီးအာရ်စီ)က ဦးဆောင်နေပြီး စပိန်နဲ့ ဆက်လက် လက်တွဲလိုနေတဲ့ Ciudadonos ပါတီက ဒုတိယနေရာ မှာ ရပ်တည်နေပါတယ်။

ပါတီ ၂ ခုရဲ့ ရပ်တည်မှုကလည်း သိပ်ကွာဟချက် မရှိဘူးလို့ စစ်တမ်းက ဖော်ပြနေပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့ ပူးဂျမွန်ရဲ့ ပါတီကတော့ တတိယနေရာမှာ ရှိနေသလို စစ်တမ်းမှာ ပထမနေရာ ရပ်တည်နေတဲ့ အီးအာရ်စီနဲ့ မဟာမိတ် ဖွဲ့ထားပါတယ်။

ကက်တလန် အရေး တောင်းဆိုမှု စပိန် ဗဟိုအစိုးရ ပယ်ချ

ဓာတ်ပုံ မူပိုင် Andreu Dalmau
Image caption မဲထွက်ပေးတဲ့ လူငယ်တွေ

ဘာစီလိုနာမှာ ပွတ်ဂျမန်ရဲ့ ပါတီကို မဲပေးခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် လော်ရာကတော့ ဒီရွေးကောက်ပွဲကို အပြုသဘော ရှုမြင်ထားတယ်လို့ ပြောပါတယ်။

ဒီရွေးကောက်ပွဲ ရလဒ်ကြောင့် လူတွေကြားထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ သဘောထား ကွဲလွဲတာ ပိုများလာပြီး ပိုတင်းမာလာနိုင်တဲ့အပေါ် ကတ်တလိုနီးယား ဒေသခံတွေက စိုးရိမ် ပူပန်မှုတွေ ရှိနေပါတယ်။

ဒါ့အပြင်ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်နိုင် ပြဿနာတွေဆီ ပိုမို ဦးတည်ဖို့ရှိနေတယ်လို့ မဲပေးတဲ့ ဒေသခံတွေအကြား မှန်းဆ နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ