ပီရူး ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်းကို အဂတိလိုက်စားမှုကနေ ပလပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပီရူး ဘောလုံး အဖွဲ့ချုပ် အကြီးအကဲဟောင်း မန်ဝဲလ် ဘူဂါ

ပီရူး ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဟောင်းအဂတိ လိုက်စားမှု အရှုတ်တော်ပုံမှာ ပါ၀င် ပတ်သက် အပြစ်ရှိတာ မတွေ့ရကြောင်း နယူးယောက် မြို့က အမေရိကန် တရားသူကြီး တယောက်က ဆုံးဖြတ်လိုက်ပါတယ်။

ဒီတရားစီရင်မှုဟာ ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးခြင်းရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

နိုင်ငံတကာ ဘောလုံးပွဲတွေမှာ သတင်းထုတ်လုပ်ခွင့် လိုင်စင်ရဖို့ မီဒီယာ ကုမ္ပဏီကြီးတွေ လာဘ်ထိုးခဲ့တာကို မန်ဝဲလ် ဘူဂါက ယူဖို့ သဘောတူခဲ့ပေမယ့် အဲဒီ အချိန်တုန်းက သူဟာ ပီရူးမှာ စုံစမ်းစစ်ဆေးခံနေရတာမို့ ငွေယူဖို့ အခွင့်မသာခဲ့ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မန်ဝဲလ် ဘူဂါကို အဂတိလိုက်စားမှုက ကင်းရှင်းကြောင်း ဆုံးဖြတ်ခဲ့ပေမယ့် တောင်အမေရိက ဘောလုံးအဖွဲ့တွေက အရာရှိဟောင်း နှစ်ယောက်ကိုတော့ လာဘ်ယူမှုတွေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ