အေအေပီပီကလည်း UN-WGAD ကို တိုင်တမ်း

Image caption နှစ်ပတ်အတွင်း ပထမဆုံးအကြိမ် တွေ့ခွင့်ရ

မြန်မာနိုင်ငံထဲ ဖမ်းဆီး ခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပ တောင်းဆို လှုပ်ရှားမှုတွေ ဆက်ရှိနေပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးပါ ဆိုပြီး ပူလစ်ဇာ ဆုရှင် အယောက် ၅ဝ စုပေါင်း တောင်းဆို ခဲ့ကြပါတယ်။

သူတို့ကို ဖမ်းထားဟာ မီဒီယာ လွတ်လပ်ခွင့်ကို တိုက်ခိုက်တာပဲလို့လဲ အဲဒီ အဖွဲ့က ဝေဖန်ပါတယ်။

တခါ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP ကလည်း အခုလို ရိုက်တာ သတင်းထောက်တွေကို ဖမ်းထားတဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ကြီးကြပ်တဲ့ မတရား ဖမ်းဆီးမှုဆိုင်ရာ အလုပ်အဖွဲ့ UN-WGAD ထံ တိုင်ကြားထားပါတယ်။

Image caption ချုပ်ရက် ၁၄ ရက် ထပ်မံ ရမန်ယူ

သတင်းထောက် နှစ်ယောက်ကို ဒီဇင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ကပဲ မင်္ဂလာဒုံ တရားရုံးမှာ ရုံးထုတ်ပြီး ချုပ်ရက် ၁၄ ရက် ထပ်မံ ရမန်ယူ ထားပါတယ်။

အဲဒီ ရုံးထုတ်တဲ့ အချိန်ကျမှပဲ အဖမ်းခံထားရတဲ့ နှစ်ပတ်အတွင်း ပထမဆုံး အကြိမ် အနေနဲ့ သတင်းထောက်တွေကို မိသားစု၊ မိတ်ဆွေတွေ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာ သတင်းထောက် ၂ ဦးကို ရုံးထုတ်၊ ရမန်ထပ်ယူ

သူတို့နှစ်ယောက်ကို အင်းစိန် စီအိုင်ဒီ အထူးစုံစမ်း စစ်ဆေးရေးရုံးမှာ ထိန်းသိမ်း စစ်ဆေးနေတယ်ဆိုတဲ့ အချက်ကိုလည်း သိလာရပါတယ်။

ရခိုင်ပြည်နယ်ထဲက လုံခြုံရေးဆိုင်ရာ အရေးကြီး အချက်အလက်တွေကို တရားမဝင် ရယူခဲ့လို့ ဆိုတဲ့ စွဲချက် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ