တယောက်တည်း တောင်တက်မယ့်သူကို နီပေါခွင့်မပြု

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၉၂၀ နောက်ပိုင်း တောင်တက်ရင်း သေဆုံးသူ နှစ်ရာနီးပါး ရှိလာတဲ့ ဧ၀ရက်တောင်ထိပ် မြင်ကွင်း

နီပေါလ်မှာ တောင်တက်ရင်း မတော်တဆဖြစ်မှုတွေ လျော့ကျသွားအောင် ဧ၀ရက်တောင် အပါအဝင် သူတို့နိုင်ငံတွင်းတဉီးတည်းတောင်တက်မှုတွေကို တားမြစ်လိုက်ပါတယ်။

အခုလို ဥပဒေတွေ ပြဌာန်းရတာဟာ တောင်တက်သမားတွေ လုံခြုံပြီး အသေအပျောက်နည်းသွားအောင် လုပ်ဆောင်တာလို့ ခရီးသွား ၀န်ကြီးဌာန အရာရှိက တယောက် ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ကမ္ဘာသိ ဆွစ်တောင်တက်သမား Ueli Steck အူးလစ်ရှ် တက်ခ် ၊ ဧ၀ရက်တောင်နားမှာ မတ်စောက်တဲ့ တောင်မပေါ်တက်ရင်း ကျပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မသန်စွမ်းနဲ့ မျက်မမြင်တွေ ဆိုရင်လည်း ကြံ့ခိုင်မှုရှိကြောင်း ကျန်းမာရေး ထောက်ခံချက် ပြနိုင်မှာသာ တောင်တက်ခွင့်ပြုမယ်လို့လည်း နီပေါအစိုးရက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ