ဂရိ တရားရုံးရဲ့ ခိုလှုံခွင့်ပေးတဲ့ ဆုံးဖြတ်ချက်ကို တူရကီ စိတ်ဆိုး

ဓာတ်ပုံ မူပိုင် Getty Images
Image caption တူရကီ အာဏာသိမ်းမှုအတွင်း ဂရိထွက်ပြေးလာတဲ့ စစ်သားတွေ

မနှစ်ဇူလိုင်လ တုန်းက မအောင်မြင်ခဲ့တဲ့ တူရကီက အာဏာသိမ်းမှုအတွင်း ဂရိနိုင်ငံဆီ ရောက်လာတဲ့ ပူးတွဲ ရဟတ်ယာဉ်မှူးရဲ့ နိုင်ငံရေးခိုလှုံခွင့်ကို လက်ခံလိုက်တဲ့ ၊ တရားရုံးဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း ပြတဲ့ အနေနဲ့ ဂရိ အစိုးရက အယူခံ၀င်မယ်လို့ ပြောပါတယ်။

နေတိုး အဖွဲ့၀င်နိုင်ငံတွေ ဖြစ်တဲ့ ဂရိ နဲ့ တူရကီ အိမ်နီးချင်း နှစ်နိုင်ငံကြား အခုလို နိုင်ငံရေး ခိုလှုံခွင့်ပေးမှုကြောင့် ဆက်ဆံရေး ထိခိုက်လာစေလိမ့်မယ်လို့ တူရကီ နိုင်ငံခြားရေး ဌာနက ပြောနေပါတယ်။

ဂရိဟာ အာဏာသိမ်းဖို့ ကြံတဲ့သူတွေကိုကြိုဆို ၊ အကာအကွယ်ပေးကြောင်း ထပ်ပြနေတယ်လို့လည်း တူရကီက ဆိုပါတယ်။

တူရကီမှာ မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှု ဖြစ်ပွားတဲ့နေ့မှာ ဂရိမြောက်ပိုင်းကို အဲဒီ ပူးတွဲ ရဟတ်ယာဉ်မှူးနဲ့ စစ်သား ခုနှစ်ယောက် ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ