ဖက်ဒရယ်အရေးနဲ့ ဒုက္ခသည်အရေး စာတမ်းနှစ်စောင်

ဓာတ်ပုံ မူပိုင် MOI
Image caption ကယားပြည်နယ်က လွဲပြီး ကျန်ပြည်နယ်နဲ့တိုင်း ၁၃ ခုက ကိုယ်စားလှယ်တွေ တက်ရောက်

၂၁ ရာစု ပင်လုံညီလာခံ အကြို နှစ်ရက်တာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု အဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်ကနေ စာတမ်း နှစ်စောင် အတည်ပြု နိုင်ခဲ့ပါတယ်။

အဲဒီ စာတမ်းတွေက ဖက်ဒရယ်မူ ပြည်ထောင်စုဆိုင်ရာမူဝါဒ အကြံပြုချက် စာတမ်းနဲ့၊ ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ( IDPs ) နဲ့ ဒုက္ခသည်များ( Refugees ) ဆိုင်ရာ ပြန်လည် နေရာချ ထားရေးနဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာ အကြံပြုချက် စာတမ်းတို့ ဖြစ်ပါတယ်။

အဲဒီ စာတမ်း နှစ်စောင်ကို UPDJCလို့ ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ ကနေ တဆင့် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပတဲ့ အခါတင်သွင်းမှာ ဖြစ်ပါတယ်။

ဖက်ဒရယ် ပြည်ထောင်စုနဲ့ ဆိုင်တဲ့ မူဝါဒစာတမ်းမှာတော့ အမျိုးသား တန်းတူရေး၊ ပြည်နယ်များရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ်များဖွဲ့စည်းခြင်း နဲ့ ပြည်နယ် ဖွဲ့စည်းပ အခြေခံဥပဒေ စတဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ တက်ရောက်ကြတဲ့ ကိုယ်စားလှယ် တချို့က ပြောပါတယ်။

Image caption စစ်ဘေးရှောင်တွေရဲ့ ဆန္ဒအတိုင်းသာ ပြည်လည် နေရာ ချထားပေးဖို့ အချက်ကို အကြံပြု

IDP နဲ့ ဒုက္ခသည်များ ပြန်လည် နေရာချထားရေး စာတမ်းမှာ စစ်ဘေးရှောင်လာတဲ့ သူတွေရဲ့ ဆန္ဒအတိုင်းသာ ပြန်လည် နေရာချထားပေးဖို့ အချက်ကို အတည်ပြု နိုင်ခဲ့ပါတယ်။

အကြောင်းအရာလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အဖြစ် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အခု အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်ကို ကယားပြည်နယ်က လွဲပြီး ကျန်ပြည်နယ်နဲ့တိုင်း ၁၃ ခုက ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။