အစုလိုက် မြှုပ်တာတွေ ရှိနိုင်တယ်ဆို

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ကင်းလှည့်နေတဲ့ လုံခြုံရေးတွေ

မောင်တောက အင်းဒင်ရွာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ထားတဲ့ မွတ်ဆလင်တွေ အစုလိုက် အပြုံလိုက် မြှုပ်ထားတယ် ဆိုတဲ့ သတင်းတွေ နောက်ပိုင်း ဒေသခံတွေ က အဲဒါမျိုးတွေ ဒေသတွင်းမှာ နောက်ထပ်ရှိဦး မယ် လို့ ဆိုကြပါတယ်။

မောင်တောမြို့နယ် တောင်ပိုင်းက ကညင်တန်းကျေးရွာမှာ လူ ၂၈ ယောက်ရဲ့ အလောင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ က ယူလာပြီး လာမြှုပ်နှံခဲ့တယ်လို့ ဒေသခံ တယောက် က ဘီဘီစီ ကို ပြောပါတယ်။

အင်းဒင်က အလောင်းတွေဟာ ဘင်္ဂါလီ အလောင်းတွေလို့ စစ်ဆေးတွေ့

အင်းဒင်က အလောင်းတွေ နှစ်ချီကြာနေနိုင်

အင်းဒင်မှာ ၁ဝ လောင်းတွေ့ကြောင်း စစ်တပ်ထုတ်ပြန်

မောင်တောမှာ ပညာရေးဝန်ထမ်းတွေ အဖမ်းခံရ

ဓာတ်ပုံ မူပိုင် တပ်မတော်သတင်းမှန်ထုတ်ပြန်ရေး
Image caption အင်းဒင်မှာ အလောင်း ၁ဝ လောင်း တွေ့ရတယ်လို့ စစ်တပ် ထုတ်ပြန်

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရခိုင်မြောက်ပိုင်းက အကြမ်းဖက်မှု နှိမ်နင်းတဲ့ ကာလ ဖြစ်ပါတယ်။

ရွာက မွတ်ဆလင် သင်းချိုင်းမှာ လာမြှုပ်ခဲ့ကြတာ လို့ လည်း သူ ကဆိုပါတယ်။

ည ၃ နာရီ ၂ နာရီ လောက်မှာ လာပြီး ၁၂ လောင်းကို အရင်လာမြှုပ်တာလို့လည်း ဆိုပါတယ်။ နောက်မှ ၃ လောင်း၊ ၂ လောင်း စသည်ဖြင့် ထပ်ပြီး လာမြှုပ်တယ်လို့ ဆိုပါတယ်။

ဒီ လူ တွေ ဟာ အကြမ်းဖက် သမားတွေ မဖြစ်နိုင်ဘူး လို့လည်း ရွာသားတွေ ကဆိုပါတယ်။ လုံခြုံရေး အဖွဲ့အစည်းတွေက ရွာသားတွေကို ခေါ်မြှုပ်ခိုင်းရာက သိတာလို့လည်း ပြောပါတယ်။

စစ်သားနဲ့ ရဲတွေက ရွာတွေကို မီးရှို့ချိန်မှာ တွေ့တဲ့ ယောက်ျား မှန်သမျှ ဖမ်းဆီးခေါ်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။

ဘယ်ပုံ သေဆုံးတယ် မသိရပေမယ့် ဒီထဲမှာ သူတို့သိတဲ့ လူငယ် လူကြီး လူကောင်းတွေ ပါတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီလို မြှုပ်ထားတာတွေကို အာဏာပိုင် အဖွဲ့တွေက လာစစ်ဆေးတာတော့ မရှိသေးဘူးလည်း ဆိုပါတယ်။ ဒေသခံတွေကတော့ ခုချိန်ထိ ကြောက်ရွံ့ဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခု စွပ်စွဲချက်ကို သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တွေ နဲ့ မေးဖို့ ဘီဘီစီ က ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။