ဖြူးမြို့အနီး ငလျင်လှုပ်

Image caption မိုးဇလ ရဲ့ထုတ်ပြန်ချက်

အင်အား ရစ်(ခ်)စတာ စကေး ၆ရှိတဲ့ငလျင် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဒီကနေ့ မနက် လင်းအားကြီးအချိန်က လှုပ်ခတ် သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီငလျင်ဟာ ဖြူးမြို့ အနောက်ဖက် ၁၇ မိုင်အကွာမှာ ဗဟိုပြု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဖြူးမြို့ရဲ့အနောက်တောင်ဖက် ၂၅ မိုင်အတွင်းမှာ ပြင်းအား ၅.၃ နဲ့ ၄.၇ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၄ ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေကြေ ရှိမရှိကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထား ပါဘူး။

မြန်မာနိုင်ငံမှာ ၁၉၃ဝနဲ့ ၁၉၅၆ ခုနှစ်တုန်းက စစ်ကိုင်း ပြတ်ရွေ့ကြောနဲ့ အနီး တဝိုက်မှာ ပြင်းအား ၇ ရှိတဲ့ ငလျင် ၆ ကြိမ် လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး အဖွဲ့က ကြေညာပါတယ်။

၂၀၁၆ ခုနှစ်တုန်းကတော့ ပုဂံမှာ ပြင်းအား ၆.၈ ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီး လူ သေဆုံးခဲ့သလို ဘုရားတွေပြိုကျ ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ