လာအို ကနေ မြန်မာ လျှပ်စစ် ဝယ်ယူခဲ့

ဓာတ်ပုံ မူပိုင် MOI
Image caption မြန်မာ နိုင်ငံ အတွင်း က လျှပ်စစ် မီး မရသေးတဲ့ ဒေသ တွေမှာ အသုံးချဖို့ အတွက် စီစဉ် နေ

ဇန်နဝါရီလ ၁၅ ရက်နေ့မှာ လာအို သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဟာ မြန်မာ နိုင်ငံကို ရောက်ရှိခဲ့ပြီ နေပြည်တော်မှာ သမ္မတဦးထင်ကျော် နဲ့ တွေ့ဆုံ ခဲ့တဲ့ အပြင်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

လာအို ဝန်ကြီးချုပ် ထောင်လွန်း ဆီဆုလစ် နဲ့ ဇနီးသည် တို့ဟာ မြန်မာ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ စဉ် အတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို ပြောဆိုဆွေးနွေးခဲ့ပါတယ်။

နိုင်ငံ့ ခေါင်းဆောင် တွေရဲ့ ဆွေးနွေး ပွဲ အတွင်း လျှပ်စစ် စွမ်းအင် ကဏ္ဍ အပါ အဝင် နားလည်မှု စာချွန်လွှာ သုံးခု လက်မှတ် ရေးထိုး နိုင်ခဲ့ တယ် လို့ နိုင်ငံ ခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေး ဌာန ညွှန်ကြားရေးမှူး ချုပ် ဦးစိုးဟန် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ လာအို ကနေ လျှပ်စစ် ဓါတ်အား ဝယ်ယူမှာ ဖြစ်ပြီး အဲဒီ လျှပ်စစ် ဓါတ်အား ကို မြန်မာ နိုင်ငံ အတွင်း က လျှပ်စစ် မီး မရသေးတဲ့ ဒေသ တွေမှာ အသုံးချဖို့ အတွက် စီစဉ် နေပါတယ်။

မြန်မာ နိုင်ငံ က လျှပ်စစ်ဓါတ်အား ဝယ်ယူရေး ကိစ္စကို လာအိုအပြင် ထိုင်း၊ အိန္ဒိယ အစိုးရတွေနဲ့လည်း နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး ထားတယ်လို့ သိရပါတယ်။

လျှစ်စစ် ဝယ်ယူဖို့ အတွက် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာထိုးထားပေမယ့် ရှေ့ဆက် ဆွေးနွေးရမယ့် ကိစ္စတွေ ရှိနေသေးတယ်လို့လည်း ဦးစိုးဟန်က ဘီဘီစီကို ပြောပါတယ်။

လာအိုဝန်ကြီးချုပ် ထောင်လွန်း ဆီဆုလစ် ဟာ အရင် တုန်း က နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် စဉ် က မြန်မာ နိုင်ငံ ကို လာရောက် ခဲ့ဖူး ပြီး ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင် စဉ်မှာ ပထမဆုံး တရားဝင် လာရောက်တဲ့ ခရီးဖြစ် ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ လာအိုဝန်ကြီးချုပ် နဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ သီလဝါ အထူး စီးပွားရေး ဇုံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ