သိန်းပေါင်း သိန်းချီ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ကွတ်ခိုင်မှာ ဖမ်းမိ

ဓာတ်ပုံ မူပိုင် MOHA
Image caption ကွက်ခိုင် မြို့နယ် လွယ်ခန် ရွာ က မူးယစ် ဆေးဝါး ထုတ်လုပ်သူ ကိုလည်း ဖမ်းဆီး ရမိခဲ့

ဇန်နဝါရီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ တုန်း က ရှမ်းပြည်နယ်က သိန္နီနဲ့ ကွတ်ခိုင် မြို့နယ်ကနေ မြန်မာငွေကျပ်သိန်းပေါင်း (၇သိန်းကျော်) တန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန က သတင်း ထုတ်ပြန်ပါတယ်။

သိန္နီ သွား အမြန်လမ်း ပေါ်က အိုရီယမ် တယ် အကောက်ခွန် ဂိတ်မှာ သတင်း အရ ဒိုင်နာ မော်တော်ယာဉ် ကို စစ်ဆေးရာမှာ ထိုင်ခုံ အောက်က ဘိန်းဖြူ ဆပ်ပြာခွက် ထောင်ကျော်နဲ့ ယာမ ဆေးပြား အများအပြား ကို ဖမ်းဆီး ရမိခဲ့တာပါ။

အဆိုပါ ကား ပေါ်က မူးယစ် ဆေးဝါးတွေ ဖမ်းဆီး ရမိမှု နဲ့ ဆက်စပ်ပြီး ကွက်ခိုင် မြို့နယ် လွယ်ခန် ရွာ က မူးယစ် ဆေးဝါး ထုတ်လုပ်သူ ကိုလည်း ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ သိန္နီနဲ့ ကွတ်ခိုင် မြို့နယ် တွေမှာ မူးယစ်ဆေးဝါး သုံးစွဲ မှုတွေ ကလည်း အများအပြား ဖြစ်နေပြီး အစိုးရ အဖွဲ့အစည်း တွေ အနေနဲ့ ထိန်းသိမ်း ရ ခက်ခဲ နေတယ်လို့ သိန္နီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန်းခင် ထားရီ က ဘီဘီစီ ကို ပြောပါတယ်။

မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် အရပ်သား အဖွဲ့အစည်း တစ်ခု ကို ဖွဲ့စည်းထားပြီး မူးယစ်ဆေးဝါး ရောင်းချ မှုတွေ မရှိအောင်လို့ အသိ ပညာ ပေးတဲ့ အလုပ်တွေကို ဆောင်ရွက် နေတယ်လို့ သူက ဆိုပါတယ်။

မူးယစ်ဆေးဝါး နှိမ်နှင်ရေး အတွင်း အမျိုးသား လွှတ်တော်မှာ အဆိုတင် သွင်း ခဲ့ပြီး အဆိုကို အကောင်အထည် ဖော်ဖို့ ခွင့်ပြု ခဲ့ပေမယ့် လက်တလော အချိန်မှာတော့ တာဝန်ရှိသူတွေက ထိရောက်တဲ့ နှိမ်နှင်းမှုတွေ လုပ်ဆောင် တာ မရှိသေးဘူးလို့လည်း သိရှိရပါတယ်။