ဒုက္ခသည် လွှဲပြောင်းရေး စကြဖို့ သဘောတူထားတဲ့ရက် ရောက်ပြီ

Image caption နေရပ်ရင်း ပြန်ရေး UNHCR အပြည့်အဝ ပါဝင် ပတ်သက်လို။

ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းရေး လုပ်ငန်းစဉ်ကို ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စတင်ကြဖို့ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူ ထားပေမယ့် နှောင့်နှေး ကြန့်ကြာ လိမ့်ဦးမယ် ဆိုတဲ့ ပြောဆိုသံတွေ ထွက်ပေါ် နေပါတယ်။

ပြန်လိုသူတွေရဲ့ စာရင်းကို မြန်မာ အာဏာပိုင်တွေဆီ ပေးပို့ဖို့ ပြင်ဆင် နေတာ လက်စမသတ်နိုင် ဖြစ်နေပြီး ဆက်လက် လုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိနေသေးတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရာချထားရေး ကော်မရှင်နာ အဘူလ် ကာလမ်က ပြောလာ ခဲ့တဲ့ နောက်၊ လုပ်ငန်းစဉ် စတင်ရေးနဲ့ ပတ်သက်ပြီး မသေချာ မရေရာမှုတွေ ပို ရှိလာပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ရင်း ပြန်နိုင်ဖို့ဆိုရင် အချိန် ပိုယူဖို့ လိုတယ် ဆိုပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း UNHCR က လည်း ပြောဆို နေသလို၊ ဒုက္ခသည် လွှဲပြောင်းရေးမှာ UNHCR အနေနဲ့ အပြည့်အဝ ပါဝင် ပတ်သက်ခွင့် ရရှိ ချင်တယ်လို့လည်း တောင်းဆို နေပါတယ်။

Image caption ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံတကာ စာရင်းဇယားတွေကဆို

ဒုက္ခသည် လွှဲပြောင်းရေး ကိစ္စ ကြန့်ကြာ နေလိမ့်ဦးမယ် ဆိုတဲ့ အသံတွေ ဘင်္ဂလားဒေ့ရှ် အရာရှိတွေ ထံက ထွက်ပေါ် နေပေမယ့်၊ မြန်မာဘက်ကို တရားဝင် အသိပေးတာမျိုး မရှိသေးဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဘီဘီစီကို ဖြေကြား ထားပါတယ်။

ဒုက္ခသည် ပြန်လည် လက်ခံဖို့ မြန်မာဘက်ကတော့ အသင့် ဖြစ်နေပြီလို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

လက်ခံရေး စခန်း နှစ်ခုကနေ ပြန်ဝင်လာမယ့် သူတွေကို မူလရွာ ဒါမှမဟုတ် မူလနဲ့ အနီးဆုံး အရပ်မှာ ပြန်လည် နေရာမချခင် ကြားစခန်းတစ်ခုမှာ ယာယီထားသွားဖို့ မြန်မာ အစိုးရက စီစဉ် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ