ပြင်ဆင်ထားပေမယ့် ဒုက္ခသည်တွေ မလာရောက်သေး

ပြင်ဆင်ထားပေမယ့် ဒုက္ခသည်တွေ မလာရောက်သေး

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့တဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး လုပ်ငန်းစဉ်ကို ဇန်နဝါရီ ၂၃ ရက်ကတည်းက စတင်ခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ထိတော့ ဒုက္ခသည်တွေ မရောက်လာသေးပါဘူး။ ဗုဒ္ဓဟူးနေ့က ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ် ဆတ်သီယာထိုင်း ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးအဖွဲ့ ဟာ မြန်မာဘက်က လက်ခံဖို့ စီစဉ်ထားတဲ့ စခန်းတစ်ခုဖြစ်တဲ့ မောင်းတောမြို့နယ် တောင်ပြိုလက်ဝဲစခန်းကို သွားရောက် ကြည့်ရှု ခဲ့ပါတယ်။ အဲဒီမှာတော့ ဒုက္ခသည်တွေကို လက်ခံဖို့ ပြင်ဆင်နေကြပါတယ်။ ဘယ်လောက် အဆင်သင့်အနေအထား ရှိနေပါပြီလဲ။ အဲဒီကိုရောက်နေတဲ့ ဘီဘီစီ အကြီးတန်းသတင်းထောက် ကိုစောရန်နိုင်က သတင်းပေးပို့ထားပါတယ်။