IS အန္တရာယ် ဆက်ရှိနေတဲ့ အီရတ်

IS အန္တရာယ် ဆက်ရှိနေတဲ့ အီရတ်

အစ္စလာမ္မစ်နိုင်ငံအဖွဲ့ IS ကို ချေမှုန်းနိုင်ခဲ့ပြီလို့ အီရတ်ဝန်ကြီးချုပ်က ကြေညာခဲ့တာ အခုဆိုရင် တစ်လကျော်ပါပြီ။ ဒါပေမယ့် တိုက်ပွဲတွေကတော့ အခုချိန်ထိ ဆက်ဖြစ်နေပါတယ်။ အထူးသဖြင့် IS တွေ ခိုလှုံလို့ရနေတဲ့ ဆီးရီးယား နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဘီဘီစီ ပါရှားသတင်းထောက် နာဖီဆာ ကိုနာဗတ်က အီရတ်နိုင်ငံကို အိုက်အက်စ်တွေ စကျူးကျော်ခဲ့တဲ့ အယ်လ်ခါအင်မ်ကို သွားရောက်ပြီး အခု သတင်းလွှာကို ပေးပို့ထားပါတယ်။ ဒီအကြောင်း ကိုအောင်သွင်က ပြန်ပြောပြမှာပါ။