ဆန္ဒပြ ကျောင်းသားတွေ သတင်းစာ ရှင်း

ဓာတ်ပုံ မူပိုင် YDNUNI
Image caption ကာကွယ်ရေး အသုံးစရိတ် လျှော့ချပြီး ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ တက္ကသိုလ် ကျောင်းသားတွေ တောင်းဆို ဆန္ဒ ထုတ်ဖော်နေစဉ်

ပညာရေးစရိတ် တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေ ကျောင်းထုတ် အရေးယူခံခဲ့ရ အပြီးမှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)က ဇန္နဝါရီလ ၂၉ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

၂၀၁၅ခုနှစ်တုန်းက လက်ပံတန်း ကျောင်းသား သပိတ်စခန်း ဖြိုခွဲခံရစဉ် တောင်းဆိုထားတဲ့ ဒီမိုကရေစီ ပညာရေး တောင်းဆိုချက် ၁၁ချက်ကို အစိုးရက အမြန်ဆုံး ဖြေရှင်း လိုက်လျောပေးဖို့၊ မန္တလေးမှာ လတ်တလော ဆန္ဒပြမှုကြောင့် ကျောင်းထုတ်ခံထားရတဲ့ တက္ကသိုလ် ကျောင်းသားတွေကို အနှောင်အဖွဲ့ ကင်းကင်း ဂုဏ်သိက္ခာ ရှိရှိ ပြန်လက်ခံပေးဖို့၊ ဒီမိုကရေစီ စံချိန် စံညွှန်းတွေနဲ့ မညီတဲ့ ကျောင်းစည်းကမ်းတွေကို ပယ်ဖျက်ပေးဖို့ သတင်းစာ ရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။

ပညာရေး အသုံးစရိတ် တိုးမြှင့် ချထားပေးဖို့ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၂ရက်နေ့က တက္ကသိုလ် ကျောင်းသား တချို့က မန္တလေး အမရပူရ မြို့နယ် ရတနာပုံ တက္ကသိုလ်ကျောင်းမှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ရာမှာ ဇန္နဝါရီလ ၂၆ရက်နေ့မှာတော့ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြကျောင်းသား ၃၆ ယောက်အထိ ကျောင်းထုတ်ခံရ

အခု သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့ နေ့အထိ ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသား စုစုပေါင်း ၄၀ ရှိသွားပြီလို့ ဗကသ အထွေထွေ အတွင်းရေးမှူး ကိုကောင်းထက်ကျော် က ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ