မြန်မာ အိန္ဒိယ နယ်စပ် ကုန်သွယ်ရေး ဆွေးနွေး

မြန်မာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ဆွေးနွေး

အိန္ဒိယ နဲ့ မြန်မာ ကုန်သည်ကြီးများ အသင်း တို့ဟာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ကိစ္စတွေကို ဇန်နဝါရီ ၃ဝရက်နေ့က မုံရွာမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေး နဲ့ စီးပွားရေးအပြင် တခြား အရေး ကြီးတဲ့ အကြောင်း ကိစ္စတွေကို လည်း ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲ အတွင်း မှာ မြန်မာနိုင်ငံ က နေ တင်ပို့နေတဲ့ ပဲ တင်ပို့မှု ကို ပိတ်ဆို့ကန့်သတ် ထားတာတွေကို အိန္ဒိယ ဘက် က ဖြေလျော့ပေးဖို့ ပြောဆိုခဲ့တယ်လို့ SRCCI စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက အထွေထွေ အတွင်းရေးမှူး ဦးဇော်မိုးက ဘီဘီစီကို ပြောပါတယ်။

ပဲကိစ္စဖြေလျော့ပေးဖို့ ကိစ္စ အပြင် နှစ်နိုင်ငံ ခရီးသွားများ အဆင်ပြေပြေ ဝင်ထွက်သွားလာဖို့ ဆိုက်ရောက်ဗီဇာကို အိန္ဒိယနိုင်ငံနယ်စပ် မိုးရေးနဲ့ မြန်မာနိုင်ငံ နယ်စပ် တမူးနားမှာ လုပ်ဆောင်ပေးဖို့ ၊ ကျန်းမာရေးနှင့် ပတ်သတ်တဲ့ ဆေးရုံ ဆေးကုသမှုအပြင် ကျန်းမာရေးစင်တာတွေကို လွယ်လွယ်ကူကူ ပြသနိုင်ဖို့ အစရှိတာတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ နှစ်နိုင်ငံစီးပွားရေး အတွက် သဘောတူ လက်မှတ် ရေးထိုးနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် အခု ဆွေးနွေးပွဲ က အရေးကြီးတဲ့ ဆွေးနွေးပွဲတွေရဲ့ အစပျိုး တွေ့ဆုံမှု ဖြစ်တယ်လို့ ဦးဇော်မိုးက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်မှု အတွက် မနှစ်ကလည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဲကုန်သည်များဘက်ကတော့ အရင်က အိန္ဒိယက ယူနေတဲ့ ပဲသုံးမျိုး ကို ပြန်လည်ဝယ်ယူဖို့ မျှော်လင့်နေတယ်လို့ ပဲကုန်သည်တွေက ပြောခဲ့ပါတယ်။

မြန်မာ နဲ့ အိန္ဒိယ နိုင်ငံ အကြားမှာ နယ်စပ် ကုန်သွယ်ရေး နဲ့ ပဲ တင်ပို့မှု ကိစ္စတွေ ပြေလည်ဖို့ ၂၀၁၇ ခုနှစ် တုန်း ကလည်း ဆွေးနွေးမှု တွေ လုပ်ခဲ့ပါတယ်။

အရင်တုန်း က အိန္ဒိယ နိုင်ငံ ဘက်ကနေ ပုံမှန် ဝယ်ယူ နေကျ ဖြစ်တဲ့ ပဲ အမျိုးအစား သုံးမျိုး ကို ပြန်လည် ဝယ်ယူ မယ်လို့ မြန်မာ ဘက် က မျှော် လင့် နေပါတယ် ။